Part - 49 (Final)

Start from the beginning
                                        

"ဟုတ်ပ... နောက်ဆိုသူများကြားဝင်မပါတော့ဘူး... တော်ပြီ ငါတို့လဲတစ်ယောက်လောက်ရှာမှပါ ယွန်းဂီရေ... အသက်သုံးဆယ်နားနီးပြီဆိုတော့ သူငယ်မလေးတွေကို ရှာကြိုက်ရင်ကောင်းမလားလို့"

ယွန်းဂီစကားကိုနမ်ဂျွန်းက ဝင်ထောက်ခံတော့ ငယ်က သွားစွယ်လေးတွေပေါ်တဲ့အထိကို ရယ်တော့သည်...။ ပန်းပွင့်လေးပန်ထားတာကြောင့် နဂိုထက်ပိုလှနေတာလည်းပါမည်...။ သားကတော့ ငယ့်လက်ပေါ်မှာ နှုတ်ခမ်းလေးတဆူဆူဖြင့်...။ ဂျောင်ကုဆီ မလာရလို့လေ...။

"မင်းပဲယူ နမ်ဂျွန်း! ငါကတော့ အိမ်ထောင်ရေးဆိုစိတ်ကုန်လို့ တစ်သက်လုံးလူပျိုကြီးလုပ်ရင် ကောင်းမလား... ဒါမှမဟုတ်လဲ ဂျောင်ကုရဲ့သမီး နာဘီလေးကိုစောင့်ရမလား... နာဘီလေး ဦးဦးကိုချစ်တယ်မလား"

"ချစ် !"

သမီးကလည်း ကိုယ့်လက်ထဲကနေ ကဲကဲတတ်...။ ယွန်းဂီကို တချစ်ထဲချစ်ပြနေတော့သည်...။ ကိုယ့်မှာသားသမီးဇောကြောင့် ပြောထည့်လိုက်ချင်ပေမယ့်လည်း ညကကူညီပေးထားတဲ့ကျေးဇူးကြောင့် အသံတိတ်နေရသည်...။

"တကယ်တော့ အိမ်ထောင်ရေးသုခဆိုတာ ရသင့်ရထိုက်မှခံစားရတာကွ... ဥပမာ ငါ့ကိုပဲကြည့်လေ"

"အမယ်~~အစကတော့မချစ်ဘူးဆို... ချစ်လို့ယူထားတာမဟုတ်ဘူးပြောပြီး မင်းပဲအမျိုးမျိုး... Hyung လိုလူမျိုးနဲ့မင်းတွေ့လို့ အရမ်းကံကောင်းသွားတာ"

"ဒါပေါ့... ငယ်က မောင့်အတွက်တော့ ဘဝရဲ့ကံကောင်းခြင်းလေးပဲ ဟုတ်တယ်နော်ငယ်"

"မောင့်ရဲ့အသက်လေးပေါ့ ဟုတ်လား Hyung"

"မောင့်ရဲ့အရိပ်ကလေးလဲ ဖြစ်နိုင်တာပဲလေ နမ်ဂျွန်းရဲ့"

အမြဲရှက်တတ်တဲ့သူကတော့ ခေါင်းပင်ဖော်မလာတော့...။ ယွန်းဂီတို့ကည်း ဟိုကရှက်ပါတယ်ဆိုမှ စလိုက်တာမဆုံးတော့...။ ဂျောင်ကုကပါ ထပ်ပြီးစတော့ ဂျောင်ကုတို့ရှေ့ကနေ ဘန်ဂလိုဘက်ကို သားကိုချီပြီးပြေးထွက်လေတော့ ကိုယ့်မှာ သမီးကိုချီထားရက်နဲ့ အနောက်ကတကောက်ကောက် လိုက်ရတော့သည်...။ ချစ်ရတဲ့ငယ် စိတ်ကောက်ပြေအောင် သူချော့ရပေဦးတော့မည်...။

~~STRING~~ (Completed)Where stories live. Discover now