Part - 49 (Final)

Start from the beginning
                                        

"မောင်~~ထတော့လို့"

ခါးကိုတင်းကျပ်စွာ သိုင်းဖက်ခံထားရခြင်းနှင့်အတူ ထယ်ယောင်းမျက်နှာက မောင့်ရင်ဘတ်နှင့်ကပ်ကာ အသက်ရှူပင်မဝချင်...။

"အောက်ထပ်မှာ သားနဲ့သမီးကိုထားခဲ့ရတာ မောင့်ကလေးတွေအကြောင်း မောင်သိရက်နဲ့"

"အဒေါ်ကြီးရှိနေတာပဲကို ငယ်ကလဲ... မောင်ကရော... မောင်က‌ရော ငယ့်ကလေးလေးဖြစ်ခွင့်မရှိဘူးလား... ယောကျ်ားကိုလဲ နည်းနည်းပါးပါးအလိုလိုက်ပါဦး~~ နမ်းတာလေးကအစ ငယ်ကတွန့်တိုတယ်"

မောင်ကချက်ချင်း ထယ်ယောင်းကိုဖက်ထားရာကနေ လွှတ်ပေးရင်းမှ အိပ်ယာထက်ထထိုင်ကာ ထယ်ယောင်းကိုပါ ကျောပေးထားလိုက်သေးသည်...။ ဘာလဲ~~ထူးထူးဆန်းဆန်း ဒါကမောင် ထယ်ယောင်းကိုစိတ်ကောက်ပြတာလား...။ အတိတ်ကိုသတိရပြီးထဲက မောင့်ဘက်ကနေ ထယ်ယောင်းအပေါ် ပြောင်းလဲခဲ့ပေမယ့် နူးညံ့မှုတွေနဲ့ ထယ်ယောင်းဟာနေသားမကျသေး...။

"မောင်ကလဲ~~မောင်က~~ မောင်က~~ ငယ့် အိမ်ဦးနတ်လေ~~ ငယ့်ကိုလွှမ်းမိုးမယ့်သူ ငယ့်ကိုချုပ်ကိုင်မယ့်သူက မောင်တစ်ယောက်ထဲရှိတာသိရဲ့သားနဲ့"

မောင့်ပခုံးပေါ်မေးတင်ရင်းမှ မေးစေ့လေးကိုပွတ်သပ်ကာ ချော့မြှူလိုက်တော့ မောင့်လက်တွေက ထယ်ယောင်းရဲ့လက်တွေကို ထပ်လျှက်ဆုပ်ကိုင်လာပြီးနောက်~~~

"ဒါပေမယ့် ငယ်ကအခုထိမောင့်ကိုစိမ်းကားတုန်း... မောင်က ငယ်နဲ့ပတ်သတ်လာရင် ကလေးတွေနဲ့ကအစ သဝန်တိုတယ်... မောင့်ကိုအများကြီးပိုချစ်စေချင်တာ"

အခုနေ မောင့်မျက်နှာကြီး ဆူပုတ်နေမှာသေချာသည်...။ မျက်နှာချင်းဆိုင် အနေအထားရောက်အောင်မောင့်ရှေ့ဝင်ထိုင်တော့ ထယ်ယောင်းထင်သည့်အတိုင်းပါပဲ...။ ရှုပ်ပွနေသည့်ဆံပင်တွေကို လက်ထိုးထည့်ကာမွှေရင်း ထယ်ယောင်းကိုလည်းမကြည့်တော့...။ မောင်က ကလေးတွေနဲ့အပြိုင် ထယ်ယောင်းကိုဆိုးသည်...။ သိပ်ဆိုးသည်...။

"မောင်ကလဲ~~ ငယ်ကမောင့်ကို ကလေးတွေထက်တောင်ပိုချစ်သေးတာပါ... သားနဲ့သမီးအရွယ်က ဂရုစိုက်ရမယ့်အရွယ်လေ... သားကစကားနားထောင်ပေမယ့် မောင့်သမီးက ကဲကဲတတ်"

~~STRING~~ (Completed)Where stories live. Discover now