Part - 49 (Final)

Start from the beginning
                                        

ဒီယောကျ်ားဆီမှာ အရာရာပုံအပ်မိတာလည်း ချစ်လွန်းလို့...။ အဲ့ဒီအကြောင်းပြချက်တစ်ခုပဲ...။ နောက်ဆုံးတော့ ကိုယ်ချည်နှောင်မိတဲ့ သံယောဇဉ်ကြိုးလေးက အတ္တ၊မာနတွေကင်းစင်ကာ ချစ်ခြင်းတရားတွေနဲ့အတိ ပြီးတော့တာပဲ...။

"ထပါမောင်ရဲ့... ငယ်လက်ခံပါတယ်... ငယ့်အတွက် ဒါတွေမလိုအပ်ပါဘူး... မောင့်ကိုငယ့်ဘက်က ချည်နှောင်မိတဲ့ကြိုးလေး ခိုင်မြဲနေဖို့ကအဓိကပဲလေ... အပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေထက် စိတ်ချင်းနားလည်ဖို့က အဓိကပဲမောင်ရဲ့"

"ငယ်ကမောင့်အတွက်တော့ ထပ်ခါထပ်ခါ ဆုံချင်မိတဲ့ရေစက်လေးပါ... ငယ်နဲ့ဆုံတွေ့ခွင့်ရတဲ့ကံကြမ္မာကို သိပ်ကျေးဇူးတင်တာပဲ... မောင်တို့ အသက်တွေကြီးတဲ့အထိ မခွဲမခွာပဲ ကလေးနှစ်ယောက်ကိုပြုစုပျိုးထောင်ရင်း ကုန်ဆုံးသွားကြမယ်နော်... ဘဝရဲ့နေဝင်ချိန်အထိ ငယ့်အနားမှာ မောင်တစ်သက်လုံးနေရပါစေလို့ နေ့တိုင်းဆုတောင်းမယ်... နောက်ဘဝတွေရှိခဲ့ရင်လဲ ငယ်နဲ့ပဲ လက်တွဲခွင့်ရတဲ့သူဖြစ်ပါရစေ"

"မောင့်ကိုချစ်တယ် "

"မောင့်ကိုတစ်သက်လုံး စိတ်နဲ့ပဲချည်နှောင်ထားနော်... ငယ့်ကိုလဲ မောင်အရမ်းချစ်တယ်... သိပ်ချစ်တယ် မောင့်ချစ်ငယ် !"

အေးစက်နေတဲ့ကိုယ်လုံးလေးကို ထွေးပွေ့ကာ ပွင့်ဖက်လွှာလေးကိုနမ်းရှိုက်မိတော့ ကိုယ့်အနမ်းတွေကို တုန့်ပြန်လာတဲ့ငယ်ကြောင့် ရှေ့ဆက်တိုးဖို့ပြင်လိုက်ပေမယ့်~~~

"ပါ့ပါး !"

"ဖေဖေ့ !"

"ဖေ့"

"ပါး"

သားနဲ့သမီးရဲ့ပြိုင်တူထွက်လာတဲ့ ဆူအောင့်အောင့်အသံလေးကြောင့် ဂျောင်ကုတို့ မျက်နှာချင်းဆိုင် ပြိုင်တူပြုံးမိကြသည်...။ ယွန်းဂီလက်ထဲကသမီးကို ဆွဲပွေ့ချီကာ ပါးဆုပ်ကြီးနှစ်ဖက်ကို နမ်းမွှေးတော့ အော်လိုက်သည့်ဖြစ်ခြင်း...။

"ညကနော် မင်းမွှေလို့ ငါတို့မှာကောင်းကောင်းမအိပ်ရဘူး... ဒီနှစ်ကောင်တော်တော်မွှေပြီး ဂျစ်တိုက်နိုင်လွန်းတာ... မောင်နှမလို့မပြောရဘူး"

~~STRING~~ (Completed)Where stories live. Discover now