Part - 49 (Final)

Beginne am Anfang
                                        

"မောင်ကပင်ပန်းပြီး အားကုန်တာလေးတစ်ခုပဲ... ငယ်က မောင့်ကြောင့်နဲ့ နာကျင်ခဲ့မှာလေ... အခုရော သက်သာရဲ့လား"

"ညက မောင်သန့်ရှင်းရေးလုပ်ထားပေးတယ်လေ... သိပ်မနာတော့ပါဘူး"

နားရွက်ဖျားလေးကို နှာခေါင်းတို့ဖြင့်ပွတ်သပ်ရင်း ခန္တာကိုယ်လေးကို ကိုယ့်ဘက်ပါအောင်ဆွဲလှည့်တော့ ပန်းနုရောင်ရှပ်ပြေးလှိုင်းစလေးတွေက ပါးပြင်ထက်စွဲထင်သည်...။ အိပ်ကပ်ထောင်ထဲယူထည့်လာတဲ့ ဒေစီတစ်ပွင့်ကို နားမှာထိုးစိုက်ပေးတဲ့အခါ မနက်ခင်းရဲ့နေခြည်နုနုလေးနဲ့အပြိုင် ငယ့်အလှက ပိုပြီးသစ်လွင်တောက်ပသွားသလိုပါပဲ...။

"အရာအားလုံး နားလည်ခွင့်လွှတ်ပေးတဲ့အတွက် ငယ့်ကိုမောင်က အများကြီးကျေးဇူးတင်ပါတယ်နော်... မောင့်ကိုပြန်ပြီး လက်ထပ်ခွင့်ပေးနိုင်မလားဟင်... ဒီတစ်ခါ အဖြူစင်ဆုံးနဲ့အရိုးရှင်းဆုံး စာချုပ်စာတမ်းမပါပဲ ဒီလက်စွပ်လေးနဲ့ ငယ့်တစ်ဘဝလုံးကိုချည်နှောင်ချင်လို့ မောင့်ရဲ့ အသက်လေးဖြစ်ပေးနိုင်မလားဟင်"

"ပင်လယ်ကြီးနဲ့ နေမင်းကိုသက်သေထားပြီး မောင်က ငယ့်ကိုပိုင်ဆိုင်ခွင့်တောင်းပါတယ်... အတ္တတွေမာနတွေမပါတဲ့ အရိုးရှင်းဆုံး မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ မောင့်အရပ်မှာ ငယ့်ဘဝလေး လုံခြုံနွေးထွေးစေဖို့ မောင်ကတစ်သက်စာတာဝန်ယူတယ်"

"နောက်ဘဝတွေရှိခဲ့ရင်လဲ ငယ်နဲ့ပဲရေစက်ဆုံချင်ပါတယ်... နွေးထွေးမှုနဲ့ မေတ္တာတရားဆိုတာ ဘာလဲသိအောင်လမ်းပြပေးခဲ့လို့ ငယ့်ကိုကျေးဇူးတင်ပါတယ်... သမီးလေးရဲ့ ပါပါးဖြစ်ခွင့်ရလို့ မောင်ဟာကမ္ဘာမှာ ကံအကောင်းဆုံးလူသားပဲ... ထပ်ပြီးငယ့်ကိုကျေးဇူးတင်ပါတယ်"

"မောင့်ကို လက်ခံပေးနိုင်မလားဟင်"

လက်ခံပေးစရာမလိုအောင် မောင်က ငယ့်နှလုံးသားကို အပိုင်ရပြီးသားလူတစ်ယောက် ဖြစ်နေခဲ့ပါပြီ...။ ကိုယ့်ရှေ့ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းပြီး နူးညံ့တဲ့စကားတွေဆိုတိုင်း မောင့်ကိုအချစ်တွေပိုရသည်...။ ပျော်ရွှင်မှုဆိုတာ မောင်နဲ့ပတ်သတ်မှရခဲ့သလို အချစ်ဆိုတာလည်း မောင်နဲ့ပတ်သတ်မှ ဘဝမှာပထမဦးဆုံး...။ မျက်ရည်တွေနာကျင်မှုတွေကလည်း မောင့်ကိုချစ်လွန်းလို့် ဖြစ်တည်လာခဲ့ရတာမျိုးပါ...။

~~STRING~~ (Completed)Wo Geschichten leben. Entdecke jetzt