ကိုယ်တောင်ဒီလောက်ဖြစ်နေရင် ငယ်ဆို ဘယ်လောက်နာနေလိမ့်မလဲ...။ သတိရသွားတာကြောင့် အိပ်ယာဘေးစမ်းကြည့်မိတော့ လက်ထဲပါလာသည့်အရာက ငယ်မဟုတ်တဲ့ နှင်းဆီပွင့်ဖက်တွေ...။ စောင်ပုံကိုဆွဲဖယ်တော့ အပြာရောင်အိပ်ယာခင်းထက် ပေကျံနေသည်က အချစ်ရဲ့သက်သေတစ်ချို့...။
ဘေးနားကနေတာဝါစကို ကောက်ကိုင်ကာဆွဲပတ်ရင်း ရေချိုးခန်းထဲဝင်လာတော့လည်း ငယ့်ကိုမတွေ့ရ...။ ငယ် ဘယ်တွေသွားနေတာလဲ...။ ဒီအချိန်ကြီး ကလေးတွေကို သွားခေါ်တာများလား...။ အခုမှ မနက်၅နာရီခွဲပဲရှိသေးသည်...။ ဘယ်ကိုထွက်သွားတာလဲ....။ မဟုတ်မှ ဂျောင်ကုကိုစိတ်ဆိုးပြီး~~။
စိတ်ထဲစိုးရိမ်စိတ်တွေက အလုံးအရင်းဝင်ရောက်လာတာကြောင့် ကိုယ်လက်သန့်စင်ကာ အင်္ကျီလဲပြီးနောက် မပါမဖြစ်အရေးကြီးဆုံးအရာကို အိပ်ကပ်ထောင်ထဲကောက်ထည့်ကာ ဘန်ဂလိုထဲကနေထွက်လာတော့ ပတ်ဝန်းကျင်က အခုမှရောင်နီပြိုးစပင်ရှိသေးသည်...။ ကမ်းခြေမှာလူဆိုလို့ တစ်ယောက်ပင်မရှိ...။
ကမ်းစပ်တစ်လျောက်ပတ်ရှာနေရင်းမှ ရေသူမရုပ်ထုရှိတဲ့နေရာရောက်တော့ ကျောပေးကာရပ်နေသည့် အဖြူရောင်သဏ္ဍာန်ငယ်ကိုတွေ့မှ သူ့မှာရင်ထဲအလုံးကြီးကျသွားရသည်...။
"မောင် !"
ခါးကိုသိုင်းဖက်လာတဲ့လက်တစ်စုံကြောင့် ထယ်ယောင်းနှုတ်ခမ်းတွေကို တွန့်ကွေးအောင်ပြုံးမိသည်...။ ထို့နောက် ပခုံးပေါ်ကျရောက်လာတဲ့ ခပ်ဖွဖွအနမ်းတွေကြောင့် နေ့တစ်နေ့ရဲ့အစမှာတင် ရင်ခုန်ခြင်းတွေနှင့်...။
"ငယ်မောင့်ဆီကနေထွက်သွားပြီထင်နေတာ... မောင့်ကို စိတ်ဆိုးနေလားဟင်... ဘာလို့ တစ်ယောက်တည်းထွက်လာရတာလဲ"
ပင်လယ်လေရဲ့တိုက်ခတ်မှုကြောင့် ဆံစလေးတွေဂုတ်ပေါ်ဝဲနေပြီး ငယ့်ဆီကနေရတဲ့ ကိုယ်ပိုင်ကိုယ်သင်းရနံ့လေးက ဆားဓာတ်ပါတဲ့လေထုတွေကိုဖြတ်ကျော်ကာ သူ့နာခေါင်းထဲ ချိုအီစွာတိုးဝင်လို့လာသည်...။
"နေထွက်တာကိုကြည့်ချင်လို့ပါ... မောင့်ကိုမနှိုးရက်တာနဲ့... ညကလဲ မောင်ပင်ပန်းထားတာဆိုတော့လေ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 49 (Final)
Start from the beginning
