Part - 49 (Final)

Start from the beginning
                                        

"ပြွတ် စ်"

မျက်ဝန်းတွေကိုဖိပိတ်ထားတာကြောင့် မောင်ကနှုတ်ခမ်းတွေဖြင့်ဖိနမ်းရင်း မျက်နှာတစ်ခုလုံးကိုပါ အနမ်းတွေဖြန့်ကျဲလာတာဖြစ်သည်...။

"မောင်လိုချင်တယ်"

နားနားတိုးကပ်ကာပြောလာတဲ့စကားအဆုံး ထယ်ယောင်းတစ်ကိုယ်လုံး ကြက်သီးလေးတွေဖြန်းကနဲ...။

"ဟင့်အင်း~~ကလေးတွေကိုထားခဲ့တာ
ရေချိုးပြီးရင်သွားခေါ်ရဦးမယ် ဖယ်တော့"

"မောင်နဲ့အတူချိုး !"

မောင်ပြောလိုက်တဲ့စကားတစ်ခွန်းတိုင်းမှာ ထယ်ယောင်းကြက်သီးလေးတွေ ထလာတာဖြစ်၏...။ ဘာကိုမြင်ရင်ဘာလဲသိနေတဲ့ ထယ်ယောင်းအဖို့ ဒီအခြေနေကြီးကလေ...။ ထယ်ယောင်းမောင့်လက်ထဲကနေ လွတ်မြောက်နိုင်ပါတော့မလား...။

"ငယ်~~ငယ်မချိုးတတ်ဘူး... ငယ်အရင်ဝင်မယ်... ဒါမှမဟုတ်လဲ မောင့်သူငယ်ချင်းတွေအခန်းမှာသွားချိုး"

ပြောရင်းဆိုရင်းမှကိုယ့်ကိုဆောင့်တွန်းကာ ရေချိုးခန်းရှိရာဆီပြေးထွက်တဲ့သူကြောင့် အနောက်ကနေအပြေးလိုက်ရင်း~~

"မောင်ကလဲ~~ငယ်အရင်ချိုးမလို့ပါဆို
ပြန်ထွက်~~မစောင့်နိုင်ရင်လဲ"

"ငယ့်ဘာသာချိုးတာ မောင်နဲ့ဘာဆိုင်လဲ... မောင်က bath tube ထဲစိမ်မလားလို့... ရေပန်းအောက်မှာချိုးလေငယ်က... မောင်တော့စိမ်ပြီ... သဲတွေပေတော့ ယားလာသလိုပဲ"

အဟွန်း~~ဒါမျိုးဘယ်ရမလဲ...။ ရေချိုးခန်းတံခါးပိတ်ခါနီးလေးမှာ ကိုယ်နဲ့တိုက်ဝင်ပြီး တံခါးကိုပါလော့ခ်ချပစ်လိုက်တာ...။ ဒီနေ့တော့ ဂျောင်ကုလက်ထဲက မလွတ်စေရဘူး...။ အဟင်း...။

"မောင်ကလဲ !"

ထယ်ယောင်းရှေ့မှာတင် မောင်ကအဝတ်အစားတွေ ချွတ်ချနေတာကြောင့် တစ်ဖက်သို့ကျောခိုင်းလိုက်ရ၏...။ မောင်ပြောသလိုပါပဲ သဲတွေပေထားတာမို့တစ်ကိုယ်လုံးယားနေပေမယ့် ရေချိုးဖို့ဆိုတာက...။

"ငယ်ရေချိုးမလို့ဆို... သဲတွေကြောင့်ယားနေမှာ... ကြာကြာနေရင်မကောင်းဘူး... ချိုးလိုက်ပါ... မောင့်ကိုရှက်လို့လား... မောင်ကငယ့်တစ်ကိုယ်လုံး မြင်ဖူးပြီးသားပါနော်"

~~STRING~~ (Completed)Where stories live. Discover now