"မောင့်ကိုချစ်လား"

ဒီလိုမေးတိုင်း ထယ်ယောင်းအခုထိဖြေရမှာရှက်တုန်း...။

"မောင်ကလဲ~~ သမီးလေးပဲရပြီးနေပြီကို"

"သမီးလေးရတာနဲ့ ချစ်တာနဲ့မှမဆိုင်တာ"

"ဆိုင်တာပေါ့~~မောင့်ကိုချစ်လို့
သမီးလေးကိုမွေးပေးခဲ့တာပေါ့"

"ဒါဆို မောင့်ကိုဒီညအလိုလိုက်... မောင် ငယ်နဲ့ခွဲနေရတာ နှစ်နှစ်နော်... ဒါတောင်ငယ်က ပြန်တွေ့တွေ့ချင်း သစ်စိမ်းချိုး ချိုးချင်သေးတာ... မောင်ကသာ မနေနိုင်မထိုင်နိုင် ထိကိုင်နမ်းရှုံ့နေလို့ပဲ"

အခုချက်ချင်းကြီးကတော့ ဘယ်လိုလုပ်ပြီး~~။ ပြီးတော့ ဝေးကွာနေတဲ့အချိန်အတိုင်းတာတစ်ခုအတွင်း သွေးသားဆန္ဒကို ထယ်ယောင်းတမင်မေ့ထားခဲ့တာ...။ ကိုယ့်ဘက်ကဖြစ်ခဲ့ရင်တောင်မှ မောင့်ကိုအားနာခဲ့ရတာမျိုး...။ ဒီအခြေနေကြီးမှာ လိုက်လျောဖို့်ဆိုတာကလည်း မဖြစ်နိုင်...။ မောင့်ကို ထယ်ယောင်းရှက်သည်...။ အရင်လိုမဟုတ်တော့တဲ့ အခြေအနေကြောင့် ပိုပြီးရှက်မိတာ...။ မောင့်ကိုအလိုလိုက်ချင်ပါသည်...။  ဒါပေမယ့်လည်း~~

"မောင်~~မောင်ကလဲ အဲ့ဒါက~~ ဟိုဟာလေ ငယ်~~ ငယ်အဆင်သင့်မဖြစ်သေးဘူး နောက်မှ~~"

"ငယ်ကကွာ~~ဒါ့ဖြင့်လဲ
ဟိုဟာတော့ပေး~~ခဏလေးပဲ"

ကိုယ့်ခွင့်ပြုချက်ပင် သူမစောင့်တော့...။ ဝတ်ထားတဲ့ ပိုးသားအပြာနုညဝတ်အင်္ကျီလေးရဲ့ ကြယ်သီးတွေက မောင့်လက်တွေထဲပြုသမျှ...။ ထယ်ယောင်းခွင့်မပြုတော့ရော မောင်ကရမတဲ့လား...။ ဘာနေနေအမြဲတမ်း အဲ့ဒီလိုဇွတ်တရွတ်...။

"ဖေ့"

"ပါ့ပါး"

ပထမဆုံးထွက်လာတဲ့ ခပ်ဆောင့်ဆောင့်အသံက သားဆီကနေလာတာဖြစ်ပြီး အိပ်ချင်မူးတူးအသံလေးက သမီးလေးဆီက...။ ကလေးတွေအသံကြားတာနဲ့ ထယ်ယောင်းကိုတက်ဖိထားတဲ့ ခန္တာကိုယ်ကြီးကိုတွန်းထုတ်ကာ ကုတင်ထက်ထထိုင်ရင်း ပြုတ်နေတဲ့ကြယ်သီးတို့အား လိုက်တပ်ရင်းမှ ရင်ထဲမှာလည်းအခုမှ အလုံးကြီးကျသွားသလို...။

မောင်ကခဏပဲလို့ပြောပြီးရင် အဆုံးထိရယူတတ်တာကြောင့်...။ တော်ပါသေးရဲ့~~ ကလေးတွေကယ်လို့သာပဲ...။

~~STRING~~ (Completed)Where stories live. Discover now