"မောင့်ကို ဘာလို့အဲ့လောက်ထိခွင့်လွှတ်နိုင်ရတာလဲ"
"မောင်ဖြစ်နေလို့ပါ... အဲ့စိတ်က မောင်တစ်ယောက်ထဲအတွက်ပဲ သီးသန့်ဖြစ်တည်လာတာ... မောင်ကငယ့်ပိုင်ရှင်ဖြစ်နေလို့... မောင့်ကိုချစ်တာမလို့... ပြီးတော့ ကလေးတွေရဲ့ဖခင်ဖြစ်နေလို့"
တကယ်ဆို ခွင့်မလွှတ်နိုင်တဲ့အမှားတွေကို ဆက်တိုက်ကျူးလွန်ခဲ့မိတာ...။ အမြဲငိုအောင်လုပ်တယ်...။ သူ့မိဘတွေကအစ အထင်သေးစော်ကားခဲ့မိတဲ့အပြင် သူ့ကိုပါ နာကျင်အောင်ပြောဆိုခဲ့မိတာ...။ လက်မပါရုံလေးတစ်ခုပဲ...။ ဒီလောက်အထိ စိတ်ကိုနာကျင်အောင်လုပ်ခဲ့တာတောင်မှ သူ့မှာကိုယ့်ကို မုန်းတဲ့အရိပ်အယောင်လေးပင်မရှိ...။ ဘယ်တော့မဆို သူခွင့်လွှတ်ခဲ့တာချည်းပဲ...။ ဒါကိုတန်ဖိုးမထားတတ်ခဲ့တဲ့ ဂျောင်ကုလောက် မိုက်တဲ့သူရှိပါ့ဦးမလား...။
နောက်ထပ်ရင်ကို လှုပ်ခတ်နိုင်တဲ့အရာတစ်ခုက ကိုယ့်သွေးသားကို သူကိုယ်တိုင်မွေးထုတ်ပေးခဲ့တဲ့သတ္တိ...။ ယောကျ်ားတစ်ယောက်ဖြစ်ပါလျှက်နဲ့ ကိုယ့်အတွက်သူ့မှာ...။ သူ့အနားကိုယ်မရှိတဲ့အချိန်အတွင်း ဘယ်လောက်ခက်ခဲခဲ့ရမလဲ...။ သိပ်အားငယ်တတ်တဲ့သူဆိုတာလည်း ဂျောင်ကုသိသည်...။ အနစ်နာခံနိုင်တာတော့ သူ့အပြင်နှစ်ယောက်မရှိ...။ ကိုယ်ဘာလုပ်လုပ် သည်းခံခွင့်လွှတ်နိုင်တဲ့စိတ်လေးကိုက သူ့ရဲ့ပင်ကိုစရိုက်များ ဖြစ်နေခဲ့လေသလား...။
"ဒါ့ဖြင့် သမီးကိုယ်ဝန်အကြောင်း အဲ့တုန်းကဘာလို့ မောင့်ကိုအသိမပေးခဲ့တာလဲ... ငယ့်ဆန္ဒတစ်ခုထဲတော့ မဖြစ်နိုင်ဘူး"
"မောင့်မေမေရဲ့တိုက်တွန်းမှုကြောင့်လဲပါတယ်... မေမေကပြောတယ်... မျိုးဆက်လေးတော့ လိုချင်သေးတယ်တဲ့... မောင်တို့ကျေးဇူးတွေ ငယ်တို့မိသားစုအပေါ် တစ်ပုံကြီးပါ... ငယ်ဒီလောက်တော့ ပြန်လုပ်ပေးသင့်တယ်ထင်လို့... မေမေကပြောပါတယ် အငှါးကိုယ်ဝန်ယူလဲရတယ်တဲ့... ငယ်မှ မောင့်ကိုတခြားသူတွေနဲ့ ပေးမဖြစ်ချင်တာ... ဒါကြောင့်အတ္တကြီးစွာနဲ့ပဲငယ်ကိုယ်တိုင်~~ မောင့်ကလေးလေးကို မွေးပေးချင်တဲ့စိတ်လဲပါတာပေါ့"
"ဒါဆို မောင်ကအရူးကြီးကျနေတာပဲ... အဲ့ရက်တွေ မေမေတို့အိမ်ခဏခဏသွားတာ ဒါ့ကြောင့်ပေါ့လေ... မောင်ကတော့ ငယ့်ကိုထိတွေ့ချင်ပေမယ့် စိတ်ရှုပ်မှာစိုးလို့ ဆန္ဒတွေကိုချုပ်ထိန်းခဲ့ရတာ"
ESTÁS LEYENDO
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 48
Comenzar desde el principio
