"ငယ်ကလေ~~ သမီးလေးကို လွယ်ထားရတဲ့အချိန်ကစလို့ မွေးဖွားလာတဲ့အထိ မောင်နဲ့အတူပြုစုစောင့်ရှောက်ချင်ခဲ့တာ... ကိုယ်ဝန်ဆိပ်တက်နေတဲ့အချိန်ဆိုမောင့်ကိုပိုသတိရတယ်... ကလေးလှုပ်တာလေးကအစ မောင့်ကိုပြချင်ခဲ့တာ... ဆရာဝန်ပြတဲ့အချိန်ဆို သိပ်အားငယ်ခဲ့ရတယ်... ဒါပေမယ့် မောင့်မေမေက ငယ်တို့သားအဖအပေါ် ကောင်းရှာပါတယ်"
ထယ်ယောင်းစကားပြောနေရင်းမှ ခန္တာကိုယ်တစ်ခုလုံးကိုဆွဲပွေ့ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့သူကြောင့် မောင့်ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို...။ ပခုံးပေါ်မေးတင်ကာ နားသယ်စပ်တွေကို ခပ်ဖွဖွလိုက်နမ်းနေတဲ့သူကြောင့် ရင်တွေခုန်နေတာမရပ်တော့...။ ဝင်သက်ထွက်သက်တိုင်းက လည်တိုင်ကိုလာရိုက်ခတ်နေတာဖြစ်ပြီး ကိုယ့်ယောကျ်ားဆိုတဲ့အသိနဲ့တင် ထယ်ယောင်းမှာတော့~~
"မောင်သိလား~~ ငယ့်မိဘတွေလေ သားကို ပြန်လက်ခံပြီး အခုဆိုသည်းသည်းလှုပ်ပဲ... သမီးရောက်လာတော့ ပိုဆိုးသွားရော... အခုတောင် မောင်ပြန်ရောက်နေတာသိပေမယ့် သူတို့မလာရဲဘူးတဲ့... မောင်ထပ်ပြီး အထင်သေးမှာကြောက်လို့ ငယ်ကပဲ မလာနဲ့လို့~~ မောင်စိတ်ရှုပ်မှာကြောက်လို့လေ... မောင်နားထောင်နေရဲ့လားဟင် ! "
ကိုယ့်ဘက်နေစကားတွေ တောက်လျောက်ပြောနေပေမယ့် မောင့်ဆီကနေ တုန့်ပြန်သံလေးတောင်မကြားရ...။ ထယ်ယောင်းဆီက စကားသံတိတ်သွားတာနဲ့ အခန်းတစ်ခုလုံး အပ်ကျသံပင်မကြားရတော့...။ သိပ်မကြာလိုက်ခင်မှာပဲ ပခုံးပေါ်စိုစွတ်လာတဲ့အထိအတွေ့ကြောင့် ကျောခိုင်းထားရက်ကနေ မောင်နဲ့မျက်နှာချင်းဆိုင်လိုက်တော့~~~
"မောင်~~မောင် ငိုနေတယ်... မငိုပါနဲ့ မောင်ရယ်... ငယ်က မောင့်ကိုသိစေချင်ရုံလေးပါ... မောင်မယုံမှာစိုးလို့ပါ~~ သမီးလေးက~~ သမီးက မောင်နဲ့ငယ်ကို ဆက်သွယ်ပေးမယ့်အချစ်ကြိုးလေးပါ... မောင့်ကိုဝမ်းနည်းစေဖို့ မရည်ရွယ်ပါဘူး~~ မငိုပါနဲ့"
အမြဲတမ်းခက်ထန်ပြီး တင်းမာလွန်းတဲ့မောင်က ဒီနေ့ညကျမှ ထယ်ယောင်းရှေ့မျက်ရည်ကျတာ နှစ်ကြိမ်တိတိ...။ မျက်နှာချောချောထက် ဖြတ်စီးသွားတဲ့မျက်ရည်တွေကို တယုတယသုတ်ပေးမိတော့ မောင်က ထယ်ယောင်းလက်ကိုဖမ်းဆုပ်ကာ ခပ်ဖွဖွနမ်းရှိုက်လို့နေပြန်သည်...။
KAMU SEDANG MEMBACA
~~STRING~~ (Completed)
Romansaအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 48
Mulai dari awal
