"ဒီမှာလေ ဒါက~~"

ပန်းနုရောင် ဓာတ်ပုံအယ်လ်လမ်ချပ်ကြီးကိုရှေ့ချကာ ဂျောင်ကုအနားတိုးကပ်လာတဲ့ငယ်...။ ပြောလက်စ စကားကိုခနရပ်ကာ ကိုယ့်ကိုငေးကြည့်လာတဲ့ပုံစံလေးက မျှော်လင့်ချက်တွေအပြည့်ဖြင့်...။

"ဒါလေးက သမီးလေးစပြီး ငယ်တို့ဘဝထဲ ဝင်ရောက်လာခဲ့တဲ့အချိန်... မောင်ကြည့်လိုက် အစက်ကလေးက သေးသေးလေးဆိုပေမယ့် အဲ့တုန်းက ငယ်အရမ်းရင်ခုန်ခဲ့ရတာ... မောင့်သွေးသားဆိုတဲ့အသိနဲ့လေ... ဒါက သမီးကိုယ်ဝန် ၂လမှာ အမှတ်တရရိုက်ထားတာ... အဲ့တုန်းက ကိုယ်ဝန်ဆိပ်တက်နေလို့ ငယ်တအားပင်ပန်းခဲ့တာ"

ဓာတ်ပုံထဲမှာ ဖြူဖျော့နေတဲ့သဏ္ဍာန်လေးကိုကြည့်ပြီး ရင်ထဲမကောင်း...။ ဒါဆို ငယ်က~~ သမီးလေးကို~~

"ဒီဟာက သမီးကိုယ်ဝန်၅လမှာလေ... မောင်ကြည့်ပါဦး  ၅လဆိုပေမယ့်သမီးက တအားထွားနေပြီ... အင်္ကျီတွေဝတ်မရတော့လို့် တစ်ခါတလေ မောင့်အင်္ကျီတွေယူဝတ်မိသေးတယ်... ငယ့်ကို စိတ်ဆိုးမှာလားဟင် !"

"မောင်စိတ်မဆိုးပါဘူးငယ်ရယ်
မောင်ကဘာလို့စိတ်ဆိုးရမှာလဲ~~"

ရင်ခွင်ထဲတိုးဝင်လာတဲ့ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ချော့မြှူရင်းမှ ဂျောင်ကုလက်တွေတုန်လာသည်...။ အပြစ်ရှိသလိုခံစားရပြီး ငယ့်ကိုမျက်နှာချင်းမဆိုင်ရဲတဲ့အထိ သူရှက်လာမိသည်...။

"အဲ့ဒီတုန်းကဆို မောင့်အင်္ကျီပေါ်က ကိုယ်သင်းရနံ့လေးတွေကြောင့် ခံစားနေရတဲ့ဝေဒနာတွေ သက်သာခဲ့ရတာ... အဲ့ဒ့အပိုပြောတာမဟုတ်ဘူး မောင်ယုံ~~ ဒီပုံက သမီးမွေးခါနီးရိုက်ထားတာလေ... သမီးကို ကိုယ်ဝန်လွယ်ထားတုန်းက အရမ်းထူးဆန်းတာ... ပန်းတွေမြင်ရင်မနေနိုင်ဘူး... အမြဲနမ်းရှိုက်လိုက်ရမှ... မေမေကလဲပြောတယ်~~ သမီးကိုမွေးတဲ့နေ့က ခြံထဲကပန်းတွေ တအားပွင့်ပြီး တစ်အိမ်လုံးမွှေးကြိုင်နေ
တာပဲတဲ့"

အဲ့ဒီနေ့ကလည်းမှတ်မှတ်ရရ ဂျောင်ကုတက်နေတဲ့ ဆေးရုံပတ်ဝန်းကျင်တစ်ခုလုံး ပန်းရနံ့လေးတွေ သင်းပျံ့နေခဲ့တာပေါ့...။ အဖြူရောင် hoodie လေးအောက်မှာ လုံးထွက်နေတဲ့အလှတရားလေးကို ထိကိုင်ခွင့်မရှိ၊ ပြုစုယုယခွင့်မရှိပဲ သူလက်လွှတ်ခဲ့ရတဲ့အချိန်တွေ...။ ဓာတ်ပုံထဲမှာတောင်မှ ကျွန်တော့်ပိုင်ရှင်လေးက နူးညံ့နေခဲ့တာဖြစ်သည်...။ လည်ဂုတ်အထိရှည်နေတဲ့ဆံစတွေကြား သူမျက်နှာအပ်ကာ နမ်းရှိုက်ဖို့အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရသည်...။ နားမှာထိုးစိုက်ထားတဲ့ ဒေစီပန်းလေးက ဖြူစင်မှုတွေရဲ့သက်သေအဖြစ်ကျန်ရှိပြီး သူကတော့ ဂျောင်ကုရဲ့ တစ်သက်တာမူပိုင်ရှင်အဖြစ် နှလုံးသားမှာ မှတ်ကျောက်တင်ပြီးသား...။

~~STRING~~ (Completed)Where stories live. Discover now