"မောင် !"
ပက်လက်ကလေးလှဲနေတဲ့သူက ရုတ်တရက်ထထိုင်ကာ ကိုယ့်ရင်ခွင်ထဲတိုးဝင်ရင်း မျက်နှာအပ်ကာ ရှိုက်ကြီးတငင်ငိုပြန်ပါသည်...။ ခါးကိုမလွတ်တမ်းသိုင်းဖက်ထားရင်းမှ ငိုသံစွက်တဲ့ အသံလေးတွေကလည်း တတွတ်တွတ်...။
"မောင်တကယ်ပဲ~~ မောင် ငယ့်ကို မှတ်မိသွားပြီလားဟင်... ငယ်တို့ရဲ့အတိတ်~~ ငယ်တို့ရဲ့ပတ်သတ်မှု အား~~အားလုံးမှတ်မိပြီပေါ့နော်"
မေးဖျားလေးကနေပင့်ကိုင်ကာ အကြည့်ချင်းဆုံစေရင်းမှ နှုတ်ခမ်းလေးကို တစ်ချက်ဖိနမ်းတော့ မျက်လုံးလေးတွေ မှိတ်ကျသွားတာက ကိုယ့်ကိုကြည်ဖြူပါတယ်ဆိုတဲ့သဘော...။ ကိုယ့်အကျီစကို ကျစ်နေအောင်ဆွဲဆုပ်ထားရင်း ပါးပြင်ထက်ပြေးဆင်းသွားတဲ့မျက်ရည်တွေကြောင့် လက်မဖြင့် ခပ်ဖွဖွ ဖိသုပ်ပေးရင်းမှ~~
"ပြောပါဦး~~သမီးလေးက
ဘယ်လိုကနေဘယ်လို"
ပြုတ်ထွက်နေတဲ့ အင်္ကျီကြယ်သီးတွေကို ဂျောင်ကုပြန်တပ်ပေးနေတုန်း ငယ်က သူ့ကို ခပ်တွေတွေကလေး ငေးလို့နေပြန်သည်...။ မျက်ဝန်းတွေထက်မှာတော့ မျက်ရည်တို့အပြည့်~~
"သမီးက မောင့်သမီး... မောင့်သွေးသား... မောင်နဲ့ငယ်ရဲ့ ဖြစ်တည်မှုကလေး... မောင့်အတွက် ငယ့်ရဲ့တစ်ခုတည်းသောလက်ဆောင်"
ထယ်ယောင်းရဲ့စကားတွေကို မောင်က သေချာနားစိုက်ထောင်နေပေမယ့် မယုံကြည်နိုင်တာကိုတော့ ထယ်ယောင်းမှန်းဆလို့ရပါသည်...။ အင်းလေ... သမီးလေးဘယ်လိုဖြစ်တည်လာခဲ့ရသလဲ မောင်မှသိခွင့်မရလိုက်တာ...။ ဒါကိုအပြစ်ပြောလို့မရပါဘူး...။ ထယ်ယောင်းဘက်က လိုအပ်ချက်တစ်ခုပေါ့...။ အဲ့ဒီတုန်းကလည်း မောင်မယုံကြည်ခဲ့မှာကိုစိုးရိမ်တဲ့စိတ်... ပြီးတော့ ထယ်ယောင်းတို့ကြားက အေးစက်သွားတဲ့ ဆက်ဆံရေးတစ်ခုကြောင့်သာ...။
"မောင်~~မောင်နားမလည်ဘူး
သမီးက ဘယ်လိုလုပ်ပြီး"
"မောင် မယုံကြည်နိုင်တာကိုငယ်သိပါတယ်
အဲ့အတွက်လဲ ငယ့်မှာသက်သေတွေရှိတယ်"
ပြောနေရင်းမှ ကုတင်ပေါ်ကဆင်းကာ ဘီရိုတွေရှိတဲ့ဘက်ကိုသွားရင်း ကုန်းကုန်းကွကွနဲ့ ဘာတွေရှာလို့ရှာနေမှန်းမသိ...။ ဂျောင်ကုမှာ အတိတ်ကိုသတိရပြီးကာမှ ပိုပြီးရှုပ်ထွေးလာသလို...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 48
Start from the beginning
