ဂျောင်ကုငေးကြည့်နေမှန်းသိတော့ ခေါင်းလေးကိုတစ်ဖက်စောင်းကာ ကိုယ်နဲ့မျက်နှာချင်းမဆိုင်တော့ပဲ တသိမ့်သိမ့်ရှိုက်ငိုနေပြန်သည်...။ ဒီပုံစံ၊ ဒီအပြုအမူလေးတွေကို ဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ...။ ရင်ဘတ်ထဲအမြဲ တစ်ခုခုလိုအပ်နေမှန်းသိပေမယ့် ဘာကိုလိုအပ်နေမှန်း သူရှာမတွေ့နိုင်ခဲ့...။ အခုတော့ဖြင့် ကိုယ့်နှလုံးသားရဲ့အာဟာရကိုရှာတွေ့လိုက်ပါပြီ...။
တစ်ဖက်သို့စောင်းငဲ့ထားတဲ့မျက်နှာလေးကို လက်ဖဝါးဖြင့်အုပ်ကိုင်ကာ ကိုယ့်ဘက်ကိုဆွဲလှည့်တော့ မျက်ဝန်းလှလှလေးတွေထက်မှာ မိုးပုလဲပန်းတို့က အဆက်မပြတ်ကိုကြွေတော့သည်...။ ထပ်ပြီးငြင်းဆန်တဲ့ စကားလုံးလေးတွေကို မကြားနိုင်အောင်နှုတ်ပိတ်ရင်း မေတ္တာရေယာဉ်ကြောထဲစီးမျောမိတော့ ကျောပြင်ထက်ကျရောက်လာတဲ့ အလိုမကျမှုလေးတွေ...။ ဘယ်တုန်းကရော ဂျောင်ကုကိုသူတားဆီးလို့ရခဲ့ဖူးလို့လဲ...။
"ဟင့်-အင်း !"
အမြဲငြင်းဆန်တတ်ပေမယ့်လို့ ကိုယ့်လက်ထဲကိုယ်ပြုသမျှ ညံ့သက်ခဲ့ရတာချည်းပါပဲ...။ နှုတ်ခမ်းတို့အား ဆက်တိုက်မထိတထိနမ်းနေရာမှ နေရာပြောင်းကာ မျက်နှာတစ်ခုလုံး နေရာလပ်မကျန်အောင်နမ်းရှိုက်ပြီး မျက်ရည်တို့အား ကိုယ့်အနမ်းတွေဖြင့် ပယ်ဖျက်ပေးမိသည်...။
"ဂျွန်~~တော်တော့ !"
နှုတ်ကနေတားဆီးနေမိပေမယ့် မောင်ကတော့ ထယ်ယောင်းစကားကို အရေးပင်မစိုက်...။ မျက်နှာတစ်ခုလုံးကို လျှာဖြင့်လျက်လိုက် နှုတ်ခမ်းတို့ဖြင့်ပွတ်ဆွဲသွားလိုက်ဖြင့်...။ ထယ်ယောင်းရဲ့ခံနိုင်ရည်တွေကို မောင်က တတိတိချိုးဖဲ့နေခဲ့တာ...။ မွေ့ယာခင်းစကို ဆုပ်ကိုင်ထားတဲ့လက်တွေဟာ ရင်ခုန်ခြင်းရဲ့သက်သေ...။
"အ့ !"
ပါးစောင်းတလျောက် နှုတ်ခမ်းတို့ဖြင့်ပွတ်ဆွဲသွားရင်းမှ လည်တိုင်ရှိရာဆီဦးတည်တိုက်ခိုက်လာတဲ့ အနမ်းတချို့...။ ရမ္မက်ဆန်သလို လှိုက်ဖိုရတာကလည်း အကြိမ်ကြိမ်...။ အတင်းဖိစုပ်နေရင်းမှ သွားဖြင့်ဖိကိုက်လိုက်တဲ့ခဏ ထယ်ယောင်းမျက်ရည်တွေ ဝဲတက်လို့လာခဲ့သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 48
Start from the beginning
