"မောင့်မေမေရဲ့တိုက်တွန်းမှုကြောင့်လဲပါတယ်... မေမေကပြောတယ်... မျိုးဆက်လေးတော့ လိုချင်သေးတယ်တဲ့... မောင်တို့ကျေးဇူးတွေ ငယ်တို့မိသားစုအပေါ် တစ်ပုံကြီးပါ... ငယ်ဒီလောက်တော့ ပြန်လုပ်ပေးသင့်တယ်ထင်လို့... မေမေကပြောပါတယ် အငှါးကိုယ်ဝန်ယူလဲရတယ်တဲ့... ငယ်မှ မောင့်ကိုတခြားသူတွေနဲ့ ပေးမဖြစ်ချင်တာ... ဒါကြောင့်အတ္တကြီးစွာနဲ့ပဲငယ်ကိုယ်တိုင်~~ မောင့်ကလေးလေးကို မွေးပေးချင်တဲ့စိတ်လဲပါတာပေါ့"
"ဒါဆို မောင်ကအရူးကြီးကျနေတာပဲ... အဲ့ရက်တွေ မေမေတို့အိမ်ခဏခဏသွားတာ ဒါ့ကြောင့်ပေါ့လေ... မောင်ကတော့ ငယ့်ကိုထိတွေ့ချင်ပေမယ့် စိတ်ရှုပ်မှာစိုးလို့ ဆန္ဒတွေကိုချုပ်ထိန်းခဲ့ရတာ"
ဂျောင်ကုရင်ခွင်ထဲ မှီကျလာတဲ့ခန္တာကိုယ်လေးကို ထွေးပွေ့ကာဖက်ထားရင်း နဖူးပြင်ပေါ်အနမ်းတွေ တစ်ပွင့်ပြီးတစ်ပွင့်...။
"ဒါဖြင့် မောင်နဲ့ငယ်ပြဿနာတက်နေတဲ့အချိန်မှာ သမီးကိုယ်ဝန်ရခဲ့တာပေါ့ ဟုတ်သလား"
ကိုယ်ကမေးတော့ ခေါင်းလေးညိမ့်ကာပြန်ဖြေရှာသည်...။ အသည်းယားလွန်းတာကြောင့် ပါးအိအိလေးတစ်ဖက်ကိုနမ်းမွှေးမိတော့ အင်္ကျီစကိုဆွဲဆုပ်ကိုင်လာတဲ့ လက်ကလေးတွေက ရှက်နေရခြင်းရဲ့သက်သေ...။ ဘယ်တော့မဆို ကိုယ်ထိတွေ့တိုင်း သူကရှက်ရွံ့နေခဲ့တာဖြစ်သည်...။
"ဘာလို့ မောင့်ကိုအသိမပေးခဲ့ရတာလဲ"
အဲ့ဒီတုန်းက သူစိတ်ထင်တိုင်း ထင်ရာစိုင်းခဲ့မိသေးတာကို ပြန်အမှတ်ရလာသည်...။ ဟိုခွေးကောင် DNA ကအကောင်ကြောင့် သူ့မှာဒေါသတွေကို မထိန်းချုပ်နိုင်ပဲအရယူခဲ့မိသေးတာ...။ သမီးလေးရှိမှန်း သူမှမသိခဲ့ပဲလေ...။
"မောင်~~ငယ့်ကိုလက်မခံမှာစိုးလို့ပါ
မောင်ရွံသွားမှာကိုလဲ ကြောက်ခဲ့မိလို့"
"ငယ်ရယ်~~ မောင့်အမှားတွေအတွက် မောင်တောင်းပန်ပါတယ်... တကယ်တော့မောင်က ခွင့်လွှတ်ပေးဖို့တောင်မတန်တဲ့သူပါ... နောက်ဆို မောင်အတ္တတွေကို ရှေ့တန်းမတင်တော့ပါဘူး... မောင်တာဝန်ကျေပါ့မယ်... ထပ်ပြီးနာကျင်အောင် မလုပ်တော့ဘူးနော်~~ မောင်နားလည်ပါပြီ... အရင်ကထက်ပိုပြီး ဂရုစိုက်ပါ့မယ်... မောင့်အချစ်တွေရှိတဲ့အရပ်မှာ ငယ့်ကိုပျော်အောင်ထားပါ့မယ်... ကတိ~~ တစ်ဘဝလုံးစာအတွက်ကတိ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 48
Start from the beginning
