"အ့ !"

ပါးစောင်းတလျောက် နှုတ်ခမ်းတို့ဖြင့်ပွတ်ဆွဲသွားရင်းမှ လည်တိုင်ရှိရာဆီဦးတည်တိုက်ခိုက်လာတဲ့ အနမ်းတချို့...။ ရမ္မက်ဆန်သလို လှိုက်ဖိုရတာကလည်း အကြိမ်ကြိမ်...။ အတင်းဖိစုပ်နေရင်းမှ သွားဖြင့်ဖိကိုက်လိုက်တဲ့ခဏ ထယ်ယောင်းမျက်ရည်တွေ ဝဲတက်လို့လာခဲ့သည်...။

"ဟင့်အင်း~~မလုပ် ! "

ညဝတ်အင်္ကျီကြယ်သီးတွေအပေါ် ကျူးကျော်လာတဲ့မောင့်လက်တွေကို အုပ်ကိုင်ကာတားမိမှ ပိုဆိုးသွားရလေသည်...။ အင်္ကျီကြယ်သီးတွေကို အတင်းအကြပ် ဆောင့်ဆွဲဖြုတ်ချလိုက်တဲ့သူကြောင့် ထယ်ယောင်းအတင်းရုန်းကန်ကာ ထထိုင်ဖို့်ပြင်လိုက်ပေမယ့် ပြန်တွန်းချခံလိုက်တဲ့ခန္တာကြောင့် အိပ်ယာထဲခေါင်းတွေမိုက်ခနဲ...။

"ဂျွန်~~ဂျွန်! ဂျွန် လိုချင်ရင် ကိုယ်ပေးပါ့မယ်
ကိုယ့်ကို ဒီလို အတင်းအကြပ်မလုပ်ပါနဲ့
ကြောက်တယ်~~ဂျွန်ကပြီးရင် အတင်း
အတင်း~~ကိုယ့်ကို~~အင့် !"

မမြင်အပ်တဲ့အလှတရားလေးတွေကို သူအငမ်းမရငေးကြည့်နေခဲ့ရင်းမှ ရင်အုပ်ဖြူဖြူထက်က ပွင့်ဖက်ကလေးကိုမြင်တော့ အရင်ညတွေက သမီးရဲ့ပူဆာသံလေးကို ဂျောင်ကုနားထဲ ပြန်လည်တိုးဝင်လို့လာခဲ့ရသည်...။ တစ်စုံတစ်ရာကို နားလည်လိုက်တာနဲ့တပြိုင်နက်ထဲမှာပဲ ညဝတ်ဘောင်းဘီလေးကိုဆွဲကိုင်ကာ ဖယ်ရှားဖို့လုပ်တော့ ကြောက်လန့်နေတဲ့တုန်ရီရီအသံတွေက သူ့ရင်ကိုမချိစေခဲ့...။

"မောင့်ကို အဲ့လောက်တောင်ချစ်တာလား ငယ် ! "

ပက်လက်ကလေး ကိုယ်ထားတဲ့အတိုင်းနေရင်းမှ သူကငိုနေတာဖြစ်သည်...။ မျက်နှာလေးကိုအုပ်ကိုင်ကာမေးတော့ ငိုနေရင်းနဲ့မှ ခေါင်းလေးတွေအဆက်မပြတ် ညိမ့်ပြလို့လာလေသည်...။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ...။

"ဖြေပါဦး... မောင်ကအသံလေးကြားချင်တာ... မောင့်ကိုစိတ်ကောက်ပါဦး... ဘာလို့အသံတိတ်သွားတာလဲ... မောင်က ငယ့်ဆီကနေ မောင့်ကိုချစ်တယ်လို့
ပြောတဲ့အသံလေးကိုကြားချင်လှပြီ~~ မောင်ဘယ်လောက်အထိ လွမ်းနေရသလဲကွာ"

နူးညံ့တဲ့စကားတွေအပြင် အရင်ကဆို ခင်ဗျားနဲ့ကျွန်တော်လို့် သုံးနှုန်းနေကျသူကလေ...။ အခု အခေါ်အဝေါ်တွေပါပြောင်းပြီး~~။ မောင်~~မောင်တကယ်ပဲ သတိရနေခဲ့ပြီလား...။ တကယ်ပဲ အတိတ်ကိုပြန်ပြီး မောင်က~~။

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang