"အမလေး~~အသည်းလေးတွေက ဘယ်လိုလုပ်ပြီးအခန်းထဲရောက်ချလာတာတုန်း... ပါပါးကို လွမ်းလို့လား ဟုတ်လား"

သားနဲ့သမီးက တစ်ယောက်လက်ကိုတစ်ယောက် တွဲကိုင်ထားရင်းမှ ထယ်ယောင်းတို့ကိုကြည့်တဲ့ အကြည့်တွေကလည်း မှုန်ကုပ်ကုပ်...။ ညဝတ်ချည်သားအကွက်ကလေးတွေကို ဆင်တူဝတ်ထားပေးတာကြောင့် ပိုပြီးချစ်ဖို့ကောင်းနေတော့သည်...။ ဒီအခန်းထဲကို ဘယ်အချိန်ထဲက ရောက်နေခဲ့ကြသလဲ...။ အိပ်ပျော်သွားပြီထင်လို့် မောင့်အခန်းဘက်ကူးလာခဲ့မိတာ...။

"ဖေဖေ့~~ချိုချို"

ကလေးနှစ်ယောက်ကို မောင်က ကုတင်ပေါ်ပွေ့ချီတင်လိုက်တာဖြစ်ပြီး သမီးက ကုတင်ပေါ်ရောက်တာနဲ့ ထယ်ယောင်းကို ပြဿနာစတော့သည်...။ သားကမောင်နဲ့အတူ ဖက်အိပ်ဖို့တောင်ပြင်နေပြီ...။ ထယ်ယောင်းပေါင်ပေါ် သမီးကကုပ်တက်လာပြီး နှုတ်ခမ်းလေးဆူကာ အင်္ကျီစတွေကိုအတင်းဆွဲချတော့သည်...။

"သမီးနော်~~ညည့်နက်နေပြီအိပ်တော့
ကိုကိုတောင်အိပ်နေပြီ"

"ချိုချိုစို့ပြီးမှအိပ်မှာ"

ငိုမဲ့မဲ့အသံကလေးဖြစ်လာပြီး ထယ်ယောင်းရဲ့အင်္ကျီကိုအတင်းပင် သမီးက ဆွဲလှန်နေတော့တာဖြစ်သည်...။ စိတ်ညစ်လိုက်တာ~~။ မောင့်ကိုပေးမသိချင်ပါဘူးဆိုနေမှ...။

"ဘာချိုချိုလဲ~~ ဒီအချိန်ဘယ်ကချိုချိုမှမရှိဘူး... အိပ်ဆိုအိပ် ဖေဖေ့အကြောင်းသိတယ်နော်"

"ဟင့်~~ချိုချို ! ဖေဖေ့ချိုချိုကရ
ဖေဖေ့ချိုချိုက နို့နို့စို့မလို့~ အင့်~~နို့နို့"

ထယ်ယောင်းပေါင်ပေါ်မှာ သမီးကတက်မတတ် အော်ငိုနေတော့တာဖြစ်သည်...။ ဒီကလေးဘာလို့ ဒီလောက်ထိဂျစ်တိုက်တတ်ရသလဲ...။ လိုချင်တာမရတိုင်း အမြဲဒီလိုပဲ...။ ရိုက်မိရင်လည်း တစ်ညလုံးချော့လို့ပြီးမှာမဟုတ်...။

"ဖေဖေ့ချိုချိုက နို့နို့မထွက်တော့ဘူးလေ"

အိပ်ယာထက်အသာလေးလှဲချရင်း
ခပ်တိုးတိုးချော့ကြည့်ပေမယ့်မရ...။

"မထွက်တော့လဲ ငယ်အရင်က တိုက်နေကျပဲမလား... တိုက်လိုက်ပါ... သမီးဒီလောက်ငိုနေတာ မောနေရောပေါ့"

~~STRING~~ (Completed)Where stories live. Discover now