"ကဲပြောပါဦး~~ ဘယ်နေရာထိကိုင်သွားသေးလဲလို့... ကျွန်တော်မေးတာဖြင့်ကြာလှပြီ"

"ဟင့်အင်း~~ဘာမှမဖြစ်ခဲ့ပါဘူး"

"လိမ်တယ်~~ဒါဆိုဒီနေရာလေးကရော"

ကျောပြင်တစ်လျောက်ပွတ်သပ်နေရင်းမှာ အောက်သို့လျောဆင်းကာ အိစက်နေတဲ့အနောက်ဘက်ရပ်ဝန်းကို ဆုပ်ကိုင်လျှက်ဖျစ်ညှစ်လိုက်တော့ ခေါင်းလေးငုံ့ကာ ဂျောင်ကုရင်ခွင်ထဲပြေးဝင်တဲ့ပုံစံက ခရုလေးတစ်ကောင်ကဲ့သို့~~။

"ဒီနေရာ သေချာတယ်...
ကျွန်တော်မျက်စိနဲ့မြင်လိုက်တာ"

"ဟင့်အင်း~~ဂျွန်
ဂျွန်~~အဲ့လိုမလုပ်နဲ့
ကိုယ်~~ကိုယ်မနေတတ်ဘူး"

အတင်းဆွဲဆုပ်ကာ အကိုင်ခံ
းနေရသည့်အပြင် တစ်ချက်တစ်ချက်အားထည့်လိုက်တဲ့အခါ ထယ်ယောင်းစိတ်ထဲ နေရကျဉ်းကြပ်လို့လာခဲ့သည်...။ မောင့်အကြောင်းကို သိနေတဲ့သူအဖို့ ဒီအခြေအနေကြီးကလေ~~ ကားထဲမှာ~~ ပြီးတော့ မောင်ကအတိတ်မေ့နေတုန်း...။ ဒီကာလအပိုင်းအခြားမှာ မောင့်ကိုကျေနပ်ခြင်းတွေ ပေးဆပ်နိုင်ဖို့ကိစ္စက ဘယ်လိုမှမဖြစ်နိုင်သေး...။

"ကျွန်တော်ကပြန်ဖျက်ပေးနေတာပါ
မကြိုက်လဲသည်းခံနော်~~ခဏလေးပဲ"

အိစက်နေတဲ့အသားစိုင်လေးနှစ်ခုကို မလွှတ်ပေးချင်တဲ့အထိ သူကြမ်းချင်သည်...။ ငိုသွားတဲ့အထိ ဒီနေရာမှာပဲချစ်ပြလိုက်ချင်သည်...။ မကြိုက်ကြောင်း ရင်ဘတ်ကိုခပ်ဖွဖွလေး ထုရိုက်လာတဲ့လက်သီးဆုပ်တွေကို မသိကျိုးကျွံပြုရင်းမှ မျက်ဝန်းထောင့်မှမြင်နေရတဲ့ နီရဲနေတဲ့နားရွက်ဖျားလေးကို ဂျောင်ကုနှုတ်ခမ်းတွေဖြင့် မြှည်းစုပ်တဲ့အခါ ပင့်သက်ရှိုက်သံလေးတစ်စွန်းတစက သူ့နားထဲချိုမြတဲ့ သကာရည်တွေကဲ့သို့~~။

"ဟင့်~~ဂျွန်"

ငိုရှိုက်သံလေးပါထွက်လာတာကြောင့် သူ့လက်တွေကို ရပ်တန့်ပစ်လိုက်ရသည်...။ အင်းလေ~~ ကိုယ်ကလည်း စိတ်လွတ်ကိုယ်လွတ် ပြုမူမိခဲ့တာကိုး...။

"ပြောလေ !"

"အိမ်ပြန်ရအောင် အပြင်မှာမှောင်နေပြီ
ကလေးတွေ ငိုနေလိမ့်မယ်"

~~STRING~~ (Completed)Where stories live. Discover now