"ပြွတ် !"

အသံမြည်အောင်စုပ်နမ်းကာ လွှတ်ပေးလိုက်တော့ ခေါင်းလေးငုံ့ကာ ဂျောင်ကုရင်ခွင်ထဲ ပြေးပုန်းသည်က ယုန်သူငယ်လေးတစ်ကောင်လို...။

"ဒါလေးနမ်းတာကိုတောင်မှ~~"

နမ်းတာလေးတောင်မှဆိုတော့ ဘာတွေများထပ်လိုချင်သေးလို့လဲ မောင်ရေ...။ အသက်ရှူကြပ်မတတ် မွတ်သိပ်ခဲ့ရတဲ့အနမ်းတွေကြောင့် ထယ်ယောင်းမောဟိုက်တုန်ရီလို့နေခဲ့သည်...။ မောင့်ဆီကနေ အနီးကပ်ကြားနေရတဲ့ ရင်ခုန်သံတချို့ကြောင့် ဝမ်းနည်းနေသည့်ကြားက ကြည်နူးရသေးသည်...။

"ဟိုကောင် ဘယ်နေရာတွေ ထိကိုင်သွားသေးလဲ... ကျွန်တော်ပြန်ဖျက်ပေးမယ်... ကျွန်တော့်အပိုင်လေးကို သူများမျက်စောင်းထိုးကြည့်တာတောင် မကြိုက်ဘူး... ကုန်ကုန်ပြောမယ်ကွာ ခင်ဗျားကိုကျွန်တော်သဝန်တိုတယ်... နောက်ရက်တွေအိမ်မှာပဲ ကလေးတွေနဲ့နေခဲ့တော့"

နူးနူးညံ့ညံ့စကားတွေဆိုတိုင်း ထယ်ယောင်းမှာနေစရာမရှိခဲ့...။ သိုပေမယ့် အခုတော့ မောင့်လက်ထဲညံ့သက်နေရုံမှအပ ထယ်ယောင်းမတတ်နိုင်ခဲ့...။ အစထဲက ဒီရင်ခွင် ဒီအထိအတွေ့တွေကို လွမ်းဆွတ်နေခဲ့ရသည်မို့~~ မရုန်းထွက်နိုင်တဲ့အပြင် ပိုပြီးလိုချင်တောင့်တမိတာက မောင့်ဆီကအကြင်နာတွေ...။

"ကိုယ်~~ကိုယ်ဘာမှမဖြစ်ပါဘူး... ဂျွန်မရှိတဲ့အချိန်တွေတုန်းကလဲ ဒီလိုပဲဖြတ်ကျော်ခဲ့ရတာပဲ"

"ဘာမှမဖြစ်ခဲ့လို့ အခုဖြစ်ခဲ့ပြီမလား... ပြောစကားကိုနားထောင်... ခင်ဗျားအတွက်ပြောနေတာ... ကလေးတွေအနားမှာပဲနေ... ကျွန်တော်က အိမ်ထောင်ဦးစီး... အဲ့ဒီတာဝန်ကို ကျေပွန်အောင်ကြိုးစားမှာမို့ ခင်ဗျားကလဲ ကျွန်တော့်အနောက်ကနေ ပါရမီဖြည့်ဖက်လေးဖြစ်ပေးရုံပဲ ကြားလား~~ကလေးအဖေလေး"

ငေးမော့လာတဲ့မျက်နှာလေးကို စိုက်ကြည့်ရင်း လေးနက်တဲ့စကားတွေဆိုမိတော့ လခြမ်းကွေးသဏ္ဍာန် မျက်ဝန်းတွေထက် အရည်ကြည်လေးတွေ ရစ်သိုင်းလာတာကလဲ အကြည့်မလွှဲနိုင်စရာ ပန်းချီကားချပ်လိုပါပဲ...။ ကိုယ့်စကားဆုံးတဲ့နောက် ခေါင်းလေးငြိမ့်ကာ အဖြေပြန်ပေးတဲ့သူကို ခပ်ဖွဖွအနမ်းတစ်ပွင့်ခြွေချတော့ ရှက်ပြေးလေးတွေက ပန်းနုရောင်ပါးပြင်ထက် ထပ်မံနေရာယူကြပြန်သည်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora