နီရဲနေတဲ့လက်ကောက်ဝတ်လေးကိုမြင်တော့ စိတ်မကောင်းဖြစ်ရပြန်သည်...။ ဆွဲယူကာ နှုတ်ခမ်းတို့ဖြင့် ထိတွေ့စေတော့ ကိုယ့်မျက်နှာကို ခပ်ရွံ့ရွံ့မဝံ့မရဲလေးငေးကြည့်လာပုံက အသည်းယားစရာ...။ စိတ်ရှိတိုင်းသာ ကြမ်းတမ်းမိရင် ငိုရတဲ့သူက သူ့ဘက်ကနေပဲဖြစ်လျှက်...။ ကိုယ်ကတော့ သူ့မှမထိတွေ့မပွေ့ဖက်ရရင် မနေနိုင်တဲ့အထိ...။
"ဖြေပါဦး~~ဒီအတိုင်းနေတော့မလို့လား"
လက်ကောက်ဝတ်ကလေးကိုနမ်းရှိုက်နေရင်းမှ မေးတော့ သူ့ဆီကနေခပ်တိုးတိုး ထွက်လာတဲ့အသံလေးက ကိုယ့်ကို "ရှက်လို့ပါတဲ့"...။
"ဘာဖြစ်လို့ရှက်သလဲ... ဒါရှက်စရာမှမဟုတ်တာ... လင်မယားတွေဖြစ်သွားရင် မရှက်ရဘူးတဲ့... ကလေးတွေပဲရပြီးနေပြီ အခုထိရှက်တုန်းလား... ဟင်~~နမ်းတာလေးကအစ ရှက်နေရင် ကျန်တာတွေ ဘယ်လိုသွားလုပ်တော့မလဲ "
*နမ်းတာလေးကအစ ရှက်နေရင်တဲ့*
မောင်ကဘယ်တုန်းက နမ်းတဲ့အဆင့်နဲ့ရပ်ခဲ့ဖူးလို့လဲလို့ ပြောလိုက်ချင်ပေမယ့်လည်း~~။
"ဂျွန်~~ဂျွန် ခွင့်တောင်းရင်
ကိုယ်မပေးပဲ မနေခဲ့ပါဘူး"
"ဒါ့ဖြင့် အခုခွင့်တောင်းချင်တယ်
နမ်းရုံအပြင်မပိုပါဘူး ပေးမယ်မလားဟင်"
ခွင့်တောင်းခြင်းဆိုတာထက် သူ့ကိုအလေးအနက်ထားချင်လို့ပါ...။ ကိုယ့်စကားဆုံးတာနဲ့ ခေါင်းလေးကို မဝံ့မရဲငြိမ့်ပြလာတဲ့သူကြောင့် မေးဖျားလေးကနေပင့်ကိုင်ကာ မျက်နှာနှစ်ခုကိုနီးကပ်စေလိုက်ရင်း~~။
ထို့နောက်မှာတော့ ဂျောင်ကုသိပ်လိုချင်တောင့်တမိတဲ့ပွင့်လွှာလေးကို တစ်လွှာချင်းသုံးဆောင်မိတော့သည်...။ ပွင့်ဖက်လေးနှစ်လွှာကို ကိုယ့်အကြင်နာတွေရက်ရောမိတိုင်း ပျော်ကျသွားမှာကို စိုးရိမ်မိတဲ့စိတ်...။ အောက်နှုတ်ခမ်းလေးကို ခပ်ဆဆကိုက်ချမိချိန် ပွင့်ဟလာတာနှင့်တစ်ပြိုင်နက် နွေးထွေးမှုရပ်ဝန်းတွေဆီ ကလူကမြူပြုရင်းနယ်ချဲ့မိတော့ ကိုယ့်အင်္ကျီစကို ဆုပ်ကိုင်လာတဲ့လက်လေးတွေ...။ တမင်မသိကျိုးကျွံပြုရင်း ကိုယ့်အနမ်းတွေကြောင့် ရွန်းစိုပြောင်လက်နေတဲ့ပွင့်လွှာလေးကို ထပ်ခါထပ်ခါ သုံးဆောင်မိရင်းမှ အားမလိုအားမရဖြစ်မိတဲ့စိတ်က ပိုဆိုးတော့သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 47
Start from the beginning
