နွေးထွေးတဲ့ရင်ခွင်တစ်စုံရဲ့ အထိအတွေ့က ထယ်ယောင်းနှလုံးသားတွေအထိပါ ကူးစက်လို့လာခဲ့၏...။ ဝမ်းနည်းပြီး အပြစ်ရှိသလိုခံစားနေရတာထက် မောင်အထင်သေးပြီး ရွံရှာသွားမှာကို စိတ်ပူခဲ့ရတာ...။ ပွေ့ဖက်ကာ ကလေးတစ်ယောက်လိုပြုမူပြန်တော့ ကိုယ့်မှာမနေတတ်...။

"ဂျွန် ရွံသွားမှာကိုကြောက်လို့ပါ... ကိုယ်လေ~~ကိုယ် က အဲ့ဒီလိုမျိုးမဟုတ်ပါဘူး... အတိတ်ကကိစ္စတွေကြောင့် အခုလိုဖြစ်ခဲ့ရတာဆိုပေမယ့် ဂျွန်ကိုယ့်အနားမရှိတဲ့ ကာလတွေအတွင်း ကိုယ်လေ~~ကိုယ့်ကိုယ်ကို တန်ဖိုးရှိစွာနေထိုင်ခဲ့ပါတယ်... အသက်ရော ခန္တာကိုယ်ပါ ဂျွန့်ဆီပုံအပ်ခဲ့တာပါ... ကိုယ့်ဘဝတစ်ခုလုံး ဂျွန့်တစ်ယောက်တည်းရဲ့အပိုင်... ဒါပေမယ့် အခုလေ အခု~~ကိုယ်"

ကျွန်တော့်ကလေးအဖေလေးက သိပ်သနားဖို့ကောင်းတာပဲ...။ သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားနေရတာ...။ ဒီလိုမျိုးတွေမြင်တိုင်း ကိုယ့်အတိတ်ကိုမြန်မြန်အမှတ်ရချင်မိပါရဲ့...။ ကိုယ့်အတွက်နဲ့ သူ့ခမျာဘယ်လောက်အထိ ခံစားခဲ့ရမလဲ...။ အခုလည်း ဒီကိစ္စကြောင့်နဲ့ ကိုယ်အထင်သေးသွားမှာ ကြောက်နေရှာပြန်သတဲ့...။

"ဘာတွေလျှောက်တွေးနေတာလဲ... ဘယ်သူက ရွံတယ်ပြောလို့လဲ ပြောပါဦး... ကျွန်တော့်ဖြင့် ဘာမှတောင်မပြောရသေးဘူး... ဒီမယ်~~ ခေါင်းကြီးငုံ့မထားနဲ့လေ... ကျွန်တော့်မျက်နှာကို သေချာကြည့်ပါဦး"

ပေါင်ပေါ်ဘေးတစောင်းထိုင်ရက်ကနေ တစ်ဖက်သို့ စောင်းငဲ့ထားတဲ့သူအား မေးဖျားလေးကနေဆွဲမော့ကာ အကြည့်ချင်းဆုံစေတော့ ငိုထားတဲ့မျက်နှာလှလှလေးထက် ဖြတ်ပြေးသွားသည်က ပန်းနုရောင်ရှပ်ပြေး လှိုင်းစကလေးများပင်...။ မျက်ဝန်းလှလှလေးထက် အကြည့်ချင်းဆုံနေရာမှ ရှက်ရွံ့စွာမျက်လွှာချသွားတဲ့သူကြောင့် ခပ်ဟဟတစ်ချက်ရီလိုက်မိသည်...။

"ကျွန်တော့်အပိုင်လို့ပြောပြီး မပိုင်သလိုခံစားနေရတယ်... နမ်းတော့လဲအနမ်းမခံ... စကားအကောင်းပြောနေရင်လဲ အရေးမစိုက်နဲ့... အဲ့ဒီလိုလုပ်နေတော့ ကျွန်တော်ခံစားရတာပေါ့... အခုလဲကြည့်~~ဒီလိုအနီးကပ်ရှိနေတာတောင် ကျွန်တော့်ကို အရေးမလုပ်ပြန်ဘူး"

~~STRING~~ (Completed)Where stories live. Discover now