ဒီလောက်အဓမ္မအနိုင်ကျင့်နေတာတောင် အော်ဟစ်အကူညီမတောင်းပဲ ငြိမ်ခံနေတာကို ဂျောင်ကုပိုဒေါသထွက်တာ...။ ဘာနေနေ အမြဲမပွင့်တပွင့်...။ အဲ့‌ဒီအကျင့်တွေကြောင့်ပဲ အခုမဖြစ်သင့်တာတွေ ဖြစ်ရတော့မလို့...။ အခုလဲကြည့် ခေါင်းငုံ့ပြီးတအိအိငိုနေတာ မရပ်တော့...။ ကလေးနှစ်ယောက်အဖေ ဖြစ်နေပြီးတာတောင်မှသူက ကလေးဆန်ချင်နေတာ ဘယ်လောက်စိတ်တိုရသလဲ...။ ဒါဟာ ဂျောင်ကုအတိတ်ကိုပြန်မမှတ်မိနိုင်သေးတဲ့ ကာလအပိုင်းအခြားအတွင်း သူ့အကျင့်တွေကို နားလည်သဘောပေါက်ခဲ့ရတာတွေ...။

"ဂျွန် ~~ဟင့်အင်း"

တသိမ့်သိမ့်ငိုရှိုက်နေတဲ့သူအား ပေါင်ပေါ်ဆွဲပွေ့ကာချီတင်ရင်း မေးဖျားကနေဆတ်ကနဲ ပင့်မော့လိုက်တော့ ပါးပြင်နုနုထက်ပြေးဆင်းသွားတဲ့ မျက်ရည်စတွေက ပုလဲလုံးတွေလို~~။ မျက်ရည်တို့ဖြင့် လှချင်တိုင်းလှနေတဲ့သူကို အကြည့်မလွှဲမိပဲ ဂျောင်ကုငေးကောင်းကောင်းနဲ့ ငေးကြည့်နေခဲ့မိသည်...။

အမြဲအရယူချင်ခဲ့တဲ့နီစွေးတဲ့ ပွင့်လွှာလေးက ငိုထားတဲ့အရှိန်ကြောင့် တဆတ်ဆတ်တုန်နေတာလေးကလည်း သနားစရာပါ...။ အစကတော့ ဒေါသတွေဖြစ်ရပြီး ပေါက်ကွဲမလို့ပါပဲ...။ သူ့အခြေအနေကိုမြင်ရချိန်ကျမှ နှလုံးသားတွေတစ်ဖန် ပြန်လည်ပူနွေးလာခဲ့ရပြီးတဲ့နောက်~~။

"ဒီလိုပဲ အမြဲငိုနေတော့မှာလား... ကျွန်တော့်ကို မရှင်းပြတော့ဘူးလား... ပြောပါဦး ဒီမှာဘယ်လောက်စိတ်ပူနေရသလဲ ခင်ဗျားမသိဘူး... အားနေငိုဖို့ပဲ"

ခါးလေးကိုလက်တစ်ဖက်ဖြင့် တင်းကျပ်စွာပွေ့ဖက်ထားရင်းမှ လက်တစ်ဖက်ဖြင့် မျက်ရည်တွေကို တယုတယသုတ်ပေးမိကာမှ ပိုဆိုးတော့သည်...။ သိပ်ကလေးဆန်တာပဲ~~။ မေမေပြောတော့သူက ကိုယ့်ထက်အကြီးပါတဲ့...။ ကလေးနှစ်ယောက်လည်း ရပြီးကာမှ ကလေးစိတ်ကမကုန်သေးဘူး...။ ချော့မှပိုငိုသတဲ့...။ ကိုယ်ကဖြင့် သူ့ကိုမချွဲရပဲ သူကကိုယ့်ကိုပြန်ပြီး~~။

"ဂျွန်! ဂျွန်ကိုယ့်ကို ရွံသလား... ကိုယ့်ကိုအထင်သေးလားဟင်... ကိုယ်ကအဲ့ဒီလိုမျိုး~~ အဲ့ဒီလို"

"ဒီမယ်~~ကျွန်တော်ကဘာလို့ ခင်ဗျားကိုအထင်သေးရမှာလဲ ပြောပါဦး... ဟိုခွေးကောင် အတင်းလုပ်လို့ဖြစ်ခဲ့ရတာမလား... ဘာဖြစ်လို့အပြစ်ရှိသလို လိုက်တွေးနေတာလဲ"

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora