" ကိုယ်ကလေးတွေကို ခေါ်သွားလိုက်မယ်... အဒေါ်ကြီးကသားကို ခေါ်ခဲ့ပေးနော်... ကျွန်တော်နှစ်ယောက်ဆို မနိုင်လို့ "
ဂျောင်ကုကို အသိပေးသလိုလှမ်းပြောနေရင်းမှ ကားအနောက်ခန်းက အဒေါ်ကြီးကိုပါသူက အမိန့်ပေးကာ ကားပေါ်ကနေဆင်းသွားလေသည်...။ Audi အဖြူလေးကို ကားဂိုဒေါင်ရှိရာဘက်သို့ ထိုးမောင်းကာရပ်လိုက်ရင်း သူ့စိတ်ထဲတနုံ့နုံ့...။ ထပ်ပြီးရှောင်သွားပြန်ပြီ...။ ဂျောင်ကုက သူ့အတွက်ဘာလဲ...။ တကယ်ဆို အတိတ်မေ့နေတဲ့သူကို သူကအနားမှာကူညီပြီး ဖေးမရမှာလေ...။ မသိတော့ဘူး စိတ်ရှုပ်လိုက်တာ...။ သူနဲ့ပတ်သတ်သမျှအရာရာဟာ ဂျောင်ကုကို စိတ်ရှုပ်စေခဲ့တာချည်းပဲ...။
အိမ်ထဲစဝင်ဝင်ချင်းမှာပဲ ပထမဦးဆုံးအမြင်အာရုံထဲ တိုးဝင်လာသည်က ဧည့်ခန်းထက်မှာချိတ်ထားတဲ့ မင်္ဂလာဓာတ်ပုံပဲဖြစ်သည်...။ အဖြူရောင်သတို့သား ဝတ်စုံတွေထဲကနှစ်ယောက်မှာ တစ်ယောက်က ဂျောင်ကုဖြစ်နေပြီး နောက်တစ်ယောက်ကသူ...။ အသက်မဝင်တဲ့မင်္ဂလာဓာတ်ပုံမှာ သူ့အပြုံးတွေဟာလည်း ပျောက်ဆုံးနေခဲ့ပြီး တစ်ဖက်သူကတော့ ငြိမ်းချမ်းတဲ့အပြုံးတွေနဲ့ပါ...။ ဒါပေမယ့်အဲ့ဒီနေ့ကရော သူတို့တကယ်ပျော်ရွှင်ခဲ့ကြရဲ့လား...။ ချစ်လို့လက်ထပ်ယူထားတယ်ဆိုရင်တော့ ဒီလက်ထပ်ပွဲက သူတို့နှစ်ယောက်အတွက်တော့ အတိတ်ကပြက္ခဒိန်ထက်မှာ သိပ်ပျော်ရွှင်စရာကောင်းတဲ့ရက်စွဲလေး ဖြစ်ခဲ့မှာပဲ...။
*နောက်တစ်ခါခင်ဗျား ကျုပ်နဲ့ ခပ်ခွာခွာနေပေးပါ... ဖြစ်နိုင်ရင်အသားကိုတောင်မထိနဲ့*
စူးကနဲနေအောင်ကျဉ်တက်သွားပြီး ခေါင်းတစ်ခုလုံး ချာချာလည်အောင် မူးဝေလာသည့်အပြင် မျက်လုံးတွေပါ ဝေဝါးလို့လာတာကြောင့် ဆိုဖာလက်ကိုင်ကို အားပြုဆုပ်ကိုင်ထားရသည်...။ ရပ်နေသည့်ခြေထောက်တွေပင် မခိုင်ချင်တော့...။
"အ~~အားး !"
နာတယ်~~ နာလွန်းလို့ခေါင်းတွေပါ ပေါက်ထွက်မတတ်ပဲ...။ ကြမ်းပြင်ပေါ်ရပ်နေတဲ့သူ့ခြေထောက်တွေ... မဟုတ်ဘူး... ခန္တာကိုယ်တစ်ခုလုံး အားတွေယုတ်လျော့လာပြီး နောက်ဆုံးမှာကြမ်းပြင်ပေါ် ပစ်လဲတော့သည်...။
ČTEŠ
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 45
Začít od začátku
