သမီးကိုခုံပေါ်ကနေချီချကာ ပေါင်ပေါ်တင်ရင်း ထမင်းခွံ့နေတုန် dinning room ထဲဝင်လာတဲ့ မေမေနဲ့တိုးလေသည်...။ မနက်ပိုင်းတွေဆိုဖေဖေက morning exercise လုပ်လေ့ရှိတာကြောင့် ထယ်ယောင်းတို့သားအဖနဲ့ breakfast ဝိုင်းမှာ သိပ်မဆုံဖြစ်တာကများပါသည်...။ တစ်ခါတစ်ရံသားကပါ ဖေဖေ့နောက်လိုက်ပြီး အဖော်လုပ်ကာ လိုက်ရှုပ်တတ်သေးသည်...။

"မေမေ ညကကောင်းကောင်းအိပ်ပျော်ရဲ့လား"

မေမေက ထယ်ယောင်းပြင်ပေးတဲ့ နံနက်စာကိုစားရင်းမှ မျက်နှာလေးကလည်းတပြုံးပြုံး...။ ဒေါသမောဟတွေကင်းပြီး ငြိမ်းချမ်းတဲ့မေမေ့ကို ထယ်ယောင်းသိပ်အားကျတာပဲ...။ မောင်က ဒီလိုအဖေအမေမျိုးရတာ သိပ်ကံကောင်းတာ...။

"အိပ်ပျော်ပါ့သားရယ်~~ သားတို့ရော နေရအဆင်ပြေရဲ့လား... သားဂျောင်ကုက အတိတ်ကိုသတိမရသေးဘူးဆိုပေမယ့် သူ့ပုံစံက အရာရာကို ရင်းနှီးကျွမ်းဝင်နေသလိုမျိုးပါ"

"အဆင်ပြေပါတယ်မေမေ... မောင်က~~ အဲ! ဂျွန်ကလေ အရင်ကထက်စာရင်တော့ စကားပြောပုံဆိုပုံတွေ ပြောင်းလဲသွားတယ်မေမေရဲ့... ဒါကလဲ ခဏလောက်ခွဲနေရတဲ့ ကာလအတွင်းမို့ဖြစ်မှာပါ မေမေ"

အသားယူတတ်တာနဲ့ အနိုင်ကျင့်တတ်တာကတော့ မပြောင်းလဲသေးကြောင်း မေမေ့ကိုထည့်မပြောဖြစ်တော့...။ ဒါကလဲလက်တွေ့...။ မနေ့ညက ဖြစ်ခဲ့တဲ့အဖြစ်အပျက်က သက်သေမလား...။ မောင်ကတော့ မောင်ပီသလွန်းပါသည်...။

"ဘာလဲ~~ သားကသဘောမကျတာလား.... မေမေကတော့ သားတို့ကို မြန်မြန်အဆင်ပြေစေချင်ပါပြီ... သားပင်ပန်းနေတာ မေမေသိတယ်... သားဂျောင်ကုအကြောင်းကို မွေးထုတ်ထားရတဲ့မေမေထက် သားကပိုသိမှာပါ... အင်းလေ~~ သူအဲ့လိုပြောင်းလဲသွားတာလဲ တစ်ခုတော့ကောင်းတာပါပဲ... ဒါနဲ့~~ညကရော ကောင်းကောင်းအိပ်ပျော်ရဲ့လား... သားဂျောင်ကုကတော့ အခုထိမနိုးသေးဘူးနော်... မဟုတ်မှ~~ ကြည့်ရတာ ညကအိပ်မက်နတ်သားလေးကြောင့် အချစ်ခရီးလွန်~~လွန်~~"

"ဘယ်အိပ်မက်နတ်သားကြောင့်မှ
အချစ်ခရီးမလွန်ခဲ့ဘူးမေမေ"

မေမေရဲ့ စကားလုံးတုံးတိတွေကြားမှာ ထယ်ယောင်းတစ်ကိုယ်လုံး ရှက်စိတ်တို့ဖြင့်မိုးမွှန်ကာ ခေါင်းပင်မဖော်ရဲတော့...။ ဒီကြားထဲ အနောက်ကနေထွက်လာတဲ့ မောင့်အသံကြောင့် ပိုလို့ဆိုးတော့သည်...။ သမီးကိုထမင်းခွံ့နေရင်း လက်တွေချွေးပြန်လာတဲ့အထိ...။ အနားမှာ အိမ်အကူလေးတွေရှိရက်သားနဲ့ ရှက်လိုက်တာ...။ တော်သေးသည်က ဖေဖေအနားမှာ မရှိလို့သာပဲ...။

~~STRING~~ (Completed)Kde žijí příběhy. Začni objevovat