ဘေးနားကဆိုဖာဆီ အကြည့်ရောက်မိတော့ သားနဲ့သမီးက ပက်လက်ကလေး အိပ်မောကျနေတာ...။ အငယ်လေးက သူ့ပေါင်ပေါ်မှာ ခေါင်းလေးတင်ပြီးအိပ်ပျော်နေရှာသည်...။ ညနေက သူ့ဆီအတင်းကပ်ပါလာတဲ့သားလေးက သူ့ဘေးနားမှာ ကားယားလေးအိပ်မောကျနေတာဖြစ်သည်...။ ဝက်ဝံရုပ်ကလေးတွေပါတဲ့ ညဝတ် pajama လေးကို ဆင်တူဝတ်ထားတော့ အသည်းယားကာဖျစ်ညှစ်ချင်စဖွယ်...။

လက်ပတ်နာရီကိုသူငုံ့ကြည့်မိတော့ ညဆယ်နာရီခွဲနေပြီ...။ သူဒီအချိန်ထိမအိပ်သေးပဲ အလုပ်ဆက်လုပ်နေတာလား...။ ညနေထမင်းစားပြီးထဲက သူလုပ်နေလိုက်တာ အခုထိပင်မနားသေး...။

"အဟမ်း မအိပ်သေးဘူးလား !"

ကိုယ့်အသံကြားတာနဲ့ မျက်မှန်လေးကို ပင့်တင့်ကာကြည့်လာတဲ့သူကို ဂျောင်ကုငေးခနဲတစ်ချက် ကြည့်မိသွားသည်...။ ကျစ်~ မမေးမိလိုက်ရင် အကောင်းသား...။ သူနဲ့ပတ်သတ်တိုင်း မူမမှန်တော့တဲ့ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလို...။

"ဒီနေ့ကိုယ်အလုပ်ပျက်ထားလို့လေ... မနက်ဖြန်အတွက် အဆင်သင့်ဖြစ်အောင်လို့... ခဏနေရင်ပြီးတော့မှာပါ"

"အနှောင့်အယှက်ပေးသလိုဖြစ်သွားပြီလား"

"မဖြစ်ပါဘူး ဂျွန်ရယ်... သားနဲ့သမီးတောင် ခုနလေးကမှ အိပ်သွားကြတာလေ"

"ကျွန်တော်ကလေးတွေကို ခေါ်သွားလိုက်မယ်
အဆင်ပြေတယ်မလား ခင်ဗျားမကြိုက်ရင်လဲ"

လုပ်လက်စကိုရပ်ရင်း ဂျွန့်ကိုထယ်‌ယောင်း တစ်ချက်ငေးကြည့်လိုက်ရင်း~~

"ကိုယ့်ကိုခွင့်တောင်းစရာမလိုပါဘူး
သားနဲ့သမီးက ဂျွန့်ကလေးတွေပါ"

ထယ်ယောင်းစကားဆုံးတာနဲ့ အနားမှာအိပ်ပျော်နေတဲ့ သမီးနဲ့သားကို တစ်ဖက်စီကောက်ပွေ့လိုက်တဲ့အခါ သားနဲ့သမီးက သူ့လက်ပေါ်အသာလေး ပါလာကြသည်...။ သမီးတစ်ယောက်ကိုချီတာတောင် လေးနင့်နေတာ...။ ဒါကိုမောင်က နှစ်ယောက်လုံးကိုထွေးပွေ့ထားတာ...။

"ဖေဖေ့~~ဟင့် !"

"ပါပါး ပါသမီးရဲ့ "

သမီးလို့ခေါ်သံအဆုံး ထယ်ယောင်းနှလုံးသားတွေ တဆတ်ဆတ်တုန်ကာ မျက်ရည်တွေဝဲတက်လို့လာတော့သည်...။ သားနဲ့ပတ်သတ်ပြီး မောင်က မစိမ်းပေမယ့်လို့ သမီးလေးကို ဂရုမစိုက်မှာစိုးရိမ်နေခဲ့တာ...။ သွေးကစကားပြောတယ်ဆိုတာ ဒါကိုပြောတာထင်ပါရဲ့...။

~~STRING~~ (Completed)Where stories live. Discover now