"ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပိုင်ကြတယ်ဆိုတာ အမှန်ပဲလား "
"အင်း~~အမှန်ပါပဲ... ဂျွန်က ကိုယ့်ကလေးတွေရဲ့ဖခင်... ကိုယ့်ရဲ့ ပိုင်ရှင် "
ထိုသူက ဂျောင်ကုကိုပြုစားဖို့များ မွေးဖွားလာရော့သလား...။ ကလေးတွေရဲ့ဖခင်ဆိုတာထက် သူ့ကိုပိုင်တဲ့ပိုင်ရှင်ဆိုတဲ့စကားကြောင့် ရင်ခုန်သံတွေက အတိုင်းအဆမရှိ...။
"ကျွန်တော်တစ်ခုလောက်တောင်းဆိုချင်တယ်"
ဘာများလဲ မောင်ရယ်...။ ငယ့်ကို ဘယ်အတိုင်းအတာအထိ ရူးသွပ်စေချင်နေတာလဲ...။ ဂရုစိုက်မှုလေး အနည်းငယ်ကိုတောင် ငယ်က တပ်မက်မိတဲ့သူပါ...။ အရာအားလုံးကိုခွင့်လွှတ်နိုင်ပေမယ့် ထပ်ပြီးနာကျင်ရမှာကို ကြောက်ပါတယ်...။ ဒီတစ်ခါဆို ထယ်ယောင်းရူးသွားလိမ့်မယ်။
"ကျွန်တော်လေ အတိတ်ကိုပြန်ပြီး အမှတ်ရချင်ပါတယ်... အထူးသဖြင့် ခင်ဗျားတို့သားအဖ ပါဝင်ပတ်သတ်ဖူးတဲ့နေ့ရက်တွေကို ပြန်မှတ်မိချင်တာပေါ့... ကျွန်တော့်ကို ကူညီပေးနိုင်မလားဟင်"
ထယ်ယောင်းခေါင်းညိမ့်ပြီးတော့သာ အဖြေပြန်ပေးမိသည်...။ မောင်မပြောလည်း ငယ်ကမောင်မှတ်မိလာတဲ့အထိ ကူညီပေးမှာမို့လေ...။ နာကျင်စရာအတိတ်ဆိုပေမယ့် အဲ့ဒီအတိတ်မှာပဲ ငယ်နဲ့မောင်တို့ချစ်ခဲ့ကြသေးတယ်...။ အမှတ်တရလေးတွေလည်း အများကြီးပဲ...။ ဒါကိုလွယ်လွယ်နဲ့ အဆုံးရှုံးမခံနိုင်ပါဘူး...။ ဘယ်လောက်ထိခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသလဲဆိုတာ မောင့်ကိုသိစေချင်သေးသည်...။
"ကျေးဇူးတင်ပါတယ်"
"အင်္ကျီလဲတော့လေ အအေးပတ်နေလိမ့်မယ်
ကိုယ်အောက်ထပ်မှာစောင့်နေမယ်"
ပြောပြီးတာနဲ့ အခန်းထဲကနေ ပြေးထွက်သွားတဲ့သူကြောင့် သဘောကျစွာဖြင့် ပါးချိုင့်တို့ပေါ်အောင်အထိ သူရယ်မိတော့သည်...။ ခင်ဗျားက တကယ်ရင်ခုန်ဖို့ကောင်းတာပဲ...။ ပြီးတော့ အဲ့ဒီလူသားဟာ ဂျောင်ကုရဲ့အပိုင် ဖြစ်နေပြန်သတဲ့...။
~~~~~~STRING~~~~~~
နေရာအပြောင်းအလဲကြောင့် အိပ်မပျော်တာနဲ့ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထက် laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့သူ့ကို တွေ့လိုက်ရသည်...။ ရွှေရောင်မျက်မှန်ကိုင်းလေးက ညမီးရောင်အောက်မှာ တလက်လက်ဖြင့်...။ ညဝတ်အင်္ကျီအစင်းလေးက သူနှင့်လိုက်ဖက်လွန်းလှစွာ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 43
Start from the beginning
