"ဟင့်အင်း~~ဂျွန်ကအနိုင်ကျင့်တာ
ကိုယ့်ကို~~ကိုယ့်ကိုဒီလို "

ဂျောင်ကုရင်ဘတ်ပေါ် ခပ်ဖွဖွလေးထုရိုက်လာတဲ့ လက်သီးဆုပ်လေးကို ဖမ်းဆုပ်လိုက်ရင်း~~

"ဒီမယ်~~ကလေးအဖေလေး ကျွန်တော်ပြောတာဆုံးအောင်နားထောင်ပါဦး... မေမေကပြောတယ် ကျွန်တော်နဲ့ခင်ဗျားရဲ့ပတ်သတ်မှုက အကြင်လင်မယားတွေတဲ့လေ... အဲ့ဒါအမှန်ပဲလား"

ဂျောင်ကုစကားဆုံးတဲ့နောက်မှာ ကိုယ့်မျက်နှာကိုငေးမော့လာတဲ့ လခြမ်းကွေးသဏ္ဍာန် မျက်ဝန်းကြည်တောက်တောက်လေးတွေနဲ့ အကြည့်ချင်းဆုံမိကြသည်...။ လှတယ်... သေတ္တာထဲ ထည့်သိမ်းချင်စရာကောင်းတဲ့အထိကို လှတာ...။

"ဂျွန်က မယုံဘူးလား"

"ကျွန်တော်မယုံတာမဟုတ်ပါဘူး"

"ဒါဆို လက်မခံတာပေါ့ "

"အဲ့လိုလဲမဟုတ်ပါဘူး ကျွန်တော်က !"

စကားကိုမဆက်သေးပဲ သူ့မျက်နှာလေးကိုငေးကြည့်တော့ မျက်ဝန်းလှလှလေးထက် မျက်ရည်ကြည်တွေဝဲနေတာကို တွေ့လိုက်ရတယ်...။ နှုတ်ခမ်းလေးကို လျှာဖြင့်တစ်ချက်သပ်ရင်း မျက်တောင်တွေကိုပါ ပုတ်ခတ်နေတဲ့သူကြောင့် ဖက်ထားတာကိုအသာလေး လွှတ်ပေးလိုက်ရသည်...။ မဟုတ်ရင် တစ်ခုခုလုပ်မိတော့မှာမို့...။ သူက ဂျောင်ကုထင်ထားတာထက် ပိုနူးညံ့ပြီး ပိုပြီးထိလွယ်ရှလွယ်လွန်းသည်...။

"ကျွန်တော်လက်ခံသလို ယုံလဲယုံပါတယ်... ခင်ဗျားဆီကနေ အဖြေကိုလိုချင်လို့ မေးကြည့်တာပါ... ဘာဖြစ်လို့လဲဆို ကျွန်တော့်စိတ်ကခံစားမိနေလို့... ပြီးတော့ ကျွန်တော်တို့ပတ်သတ်မှုက ဒီ့ထပ်ပိုခဲ့မယ်ဆိုတာကိုလဲ ကျွန်တော်ခံစားလို့ရနေတယ်"

"ဟို~~ကိုယ်သွားတော့မယ် "

"နေပါဦး~~ကျွန်တော်မေးတာ ပြန်ဖြေသွားဦးလေ"

"ဂျွန်ကိုယ့်ကိုဘာမှမမေးပဲ ကိုယ်ကဘာကိုဖြေရမှာလဲ"

ထယ်ယောင်းဖြစ်နိုင်ရင် ဒီအခန်းထဲကနေ ပြေးထွက်သွားလိုက်ချင်သည်...။ မူမမှန်တဲ့ရင်ခုန်သံတွေကို ထိန်းချုပ်ရတာ ဘယ်လောက်ခက်ခဲသလဲ...။ အစထဲက ဝင်မလာခဲ့မိရင်အကောင်းသား...။

~~STRING~~ (Completed)Where stories live. Discover now