"ဆောရီး~~ကိုယ်က ဂျွန်အအေးပတ်မှာစိုးလို့ပါ... မကြိုက်ရင် မလုပ်ပေးတော့ပါဘူး... ကိုယ့်ကိုခွင့်ပြုပါဦး"

ရှောင်ထွက်သွားဖို့ပြင်နေတဲ့သူကို လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲလိုက်တဲ့အခါ အလိုက်သင့်လေး ဂျောင်ကုဘက်ကို ပြန်ပါလာလေသည်...။

"ဟင့်အင်း ~~လွှတ် !"

"နေပါဦး~~ကျွန်တော်ပြောလို့မပြီးသေးဘူးလေ"

"ကိုယ်တောင်းပန်ပြီးပြီပဲ လွှတ်ပေးတော့
အောက်ထပ်မှာ ကလေးတွေကိုထားခဲ့တာ"

ထားခဲ့တုန်းကတော့ထားခဲ့ပြီး ကိုယ်ကတားမှ ကလေးတွေနဲ့ဗန်းပြနေတယ်...။ ကိုယ့်ကိုမျက်နှာချင်းမဆိုင်ချင်တိုင်း ကလေးတွေနဲ့အကြောင်းပြတာ...။ မဖိတ်ခေါ်ပဲ ဝင်လာတာသူကိုယ်တိုင်...။ လုပ်ချင်ရာလုပ်ပြီး လူကိုထားခဲ့ချင်သလိုထားခဲ့ရအောင် ကိုယ်ကသူ့အတွက်ဘာလဲ...။

"ကလေးတွေကမငိုပါဘူး
မေမေတို့ရှိတာပဲဟာ ငိုရင်ချော့မှာပေါ့"

"ဟင့်အင်း~~ ဂျွန်မသိပဲနဲ့"

ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်လေးကို ရုန်းကန်နေတာကြောင့်လွှတ်ပေးကာ ခါးလေးကနေအသာလေး ကိုယ့်ဆီရောက်အောင်ဆွဲပွေ့လိုက်တော့ အလိုက်သင့်လေးကိုယ့်ရင်ခွင်ထဲကို ညံ့သက်စွာပါလာတော့သည်...။

"ကိုယ့်ကိုလွှတ်ပေးပါ"

သန်မာလှတဲ့သူ့လက်တွေရဲ့ပွေ့ဖက်မှုမှာ ထယ်ယောင်းရဲ့ခန္တာကိုယ်လေး ရုန်းမရအောင်ရှိလှသည်...။ ဒီအနေအထားကြီးက တကယ်နေရခက်စေတယ်...။ မောင်က အတိတ်ကိုသာသတိမရတာ အသားယူတတ်တာနဲ့ အနိုင်ကျင့်တတ်တာကတော့ အခုထိမပျောက်သေး...။

"ကျွန်တော်ပြောတာ အရင်ဆုံးသေချာနားထောင်ပါဦး"

ရင်ခွင်ထဲမြုပ်နေတဲ့ကိုယ်လေးကို တိုးဖက်မိတော့ အစ်ကနဲအသံလေးထွက်လာသည်...။ ဘာကြောင့်မှန်းမသိ သူနဲ့ကိုယ့်ကြားသူစိမ်းဆန်မနေပဲ ပိုပြီးရင်းနှီးနေသလိုခံစားနေရတာ...။ သူနဲ့ပတ်သတ်ရင် ရဲတင်းနေမိတဲ့ ကိုယ့်စိတ်ကိုလည်းအံ့သြမိသည်...။

"အရင်ဆုံးကိုယ့်ကိုလွှတ်ပေးပါဦး"

"မလွှတ်ပေးပါဘူး... ကျွန်တော်လွှတ်ပေးလိုက်ရင် ခင်ဗျားက ကျွန်တော့်ဆီကနေ ထွက်ပြေးသွားမှာ... ကျွန်တော်ပြောတာကို ဆုံးအောင်နားထောင်ပြီးမှ ဒီအခန်းထဲကထွက် !"

~~STRING~~ (Completed)Where stories live. Discover now