"ဘာပြောစရာရှိလို့လဲဟင်"

ကိုယ့်ကိုမြင်တာနဲ့ချက်ချင်း မျက်လွှာချပစ်လိုက်တဲ့သူ့ပုံစံက အသည်းယားဖို့ကောင်းသလို သနားဖို့လည်းကောင်းနေပြန်သည်...။ ဆေးစက်ကျတဲ့ ပန်းချီကားတစ်ချပ်လို မျက်နှာလေးတွေနီမြန်းနေလိုက်တာ...။ ထိုသူက မိမိထက်အသက်ကြီးကြောင်း မေမေပြောပြလို့သာ သူသိရတာ...။ မဟုတ်ရင် သူရိုင်းရိုင်းပျပျဆက်ဆံနေမိဦးမှာ...။

"ဟိုလေ~~ကိုယ်တံခါးခေါက်ပါသေးတယ်
ဂျွန်~~ဂျွန်တစ်ခုခုဖြစ်နေတယ်ထင်လို့
ကိုယ်အလောကြီးမိသွားတာ ဟို~~"

"အင်း~~ဆက်ပြောလေ !"

ရေစိုနေသည့်ခေါင်းကို တဘက်နဲ့သုတ်နေတဲ့ပုံက ကြည့်ကောင်းတာထက်ကို ပိုလွန်းပါသည်...။ လက်မောင်းကြွက်သားတွေက အထင်းသားပေါ်နေပြီး အင်္ကျီလွတ်နေသည့်နေရာတိုင်းက အဖုအထစ်တို့ဖြင့် ထယ်ယောင်းတစ်ချက် ငေးကနဲဖြစ်သွားခိုက် ကိုယ့်ကိုကြည့်လာတဲ့သူ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းသွားဆုံမိတာကြောင့် ရင်ခုန်သံတွေကထိန်းမရတော့...။

"ညစာမစားရသေးဘူးဆိုလို့ ကိုယ်~~ ကိုယ်လာခေါ်တာပါ... ညနေကလာခေါ်ပါသေးတယ်... ဂျွန်အိပ်နေတယ်ထင်လို့လေ"

"အာ~~ကျွန်တော်ခရီးပန်းတာနဲ့ အိပ်ပျော်သွားတာ... ဆောရီးပါနော်... ခင်ဗျားကိုပင်ပန်းစေမိပြီ "

"ရပါတယ်~~ကိုယ်အင်္ကျီထုတ်ခဲ့ပေးမယ်နော်
ပြီးရင်အောက်ထပ်မှာ ကိုယ်စောင့်နေပါ့မယ်"

ဂျောင်ကုတားချိန်ပင်မရလိုက် ဘီရိုတံခါးအားဆွဲဖွင့်ကာ အဝတ်အစားတွေကို သူကိုယ်တိုင်ပဲထုတ်ပေးနေတာ...။ ဒီလိုအနေအထားမျိုးကို ရင်းနှီးလွန်းနေတယ်လို့ သူခံစားနေရတယ်...။ ကျောခိုင်းရပ်အနေအထားမို့ သူရှိရာဘက်ကို လျှောက်သွားလိုက်မိသည်...။

"ခင်ဗျားကို ဒါတွေဘယ်သူကလုပ်ခိုင်းလို့
ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတာလဲ"

နောက်ကျောဘက်ဆီကနေထွက်လာတဲ့ တင်းမာတဲ့အသံကြောင့် ထယ်ယောင်းကိုယ်လေး တစ်ချက်တုန်တက်လို့သွားရလေသည်...။ မျက်နှာချင်းဆိုင်မိတဲ့အခိုက် မောင်နဲ့အကြည့်ချင်းမဆုံရဲတာကြောင့် မျက်လွှာကိုသာချထားရင်း အင်္ကျီစတွေကိုသာ လုံးချေနေမိသည်...။ ထယ်ယောင်းက မောင်နဲ့ပတ်သတ်လာရင် ဆယ်ကျော်သက်ကလေးလို အမြဲတမ်းမနူးမနပ်နဲ့ ရင်ခုန်သံတွေကိုမထိန်းချုပ်နိုင်တဲ့အထိ ဖြစ်နေရဆဲပါ...။ ဒါကိုကာယကံရှင်ကတော့ အရင်လိုရက်စက်နိုင်သေးတုန်း...။ အခုလည်း ထယ်ယောင်းကိုပြောဆိုဖို့ အသင့်ဖြစ်နေလောက်ရောပေါ့...။

~~STRING~~ (Completed)Where stories live. Discover now