"အင့်~~ချစ်
ဖေဖေ့ကို ချစ် !"

လည်ပင်းကိုသိုင်းဖက်ထားရင်းကနေ မျက်နှာချင်းဆိုင်လှည့်လာကာ အာဘွားတွေကိုတရွတ်ရွတ်မြည်အောင် လှိမ့်ပေးတော့သည်...။ မောင့်သမီးက မောင့်လိုပဲသိပ်တတ်တာ...။ မောင်မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး...။

အတိတ်ကိုမောင်က မမှတ်မိတော့ဘူးဆိုရင်တောင် ပြန်မှတ်မိလာအောင် ကူညီပေးရမှာက ထယ်ယောင်းရဲ့တာဝန်...။ ဒီအခြေအနေအထိပြန်ကောင်းလာပြီး ထယ်ယောင်းတို့သားအဖတွေနဲ့ အတူရှိပေးတာနဲ့တင် ကျေနပ်လှပါပြီ...။ မောင်က ထယ်ယောင်းအတွက်တော့ နွေးထွေးမှုနဲ့လုံခြုံမှုတွေပေးနိုင်တဲ့ ဘဝရဲ့တံတိုင်းတစ်ခုပဲ...။

တွေးပြီးဝမ်းနည်းနေရင် ဘာမှအကျိုးထူးလာမှာမဟုတ်ဘူးလေ...။  ဒီအချိန်မှာလုပ်သင့်တာတစ်ခုက မောင့်အနားမှာနေပြီး အမြန်ဆုံးသတိရလာအောင် ကူညီပေးဖို့ပဲ...။ နောက်ထပ်အကြာကြီးလည်း ထပ်မခွဲနိုင်တော့ဘူး...။ ဘယ်လောက်ပဲ အောက်ကျတယ်ပြောပြော ထယ်ယောင်းကတော့ မောင့်အနားတွယ်ကပ်နေဦးမှာ...။ ဘာလို့လဲဆိုရင် ထယ်ယောင်းက မောင့်အပိုင်ဖြစ်နေလို့~~။

~~~~~~STRING~~~~~~

ညနေစာသမီးနဲ့သားကို ထမင်းကျွေးပြီးတဲ့အထိ မောင်က ထယ်ယောင်းရှေ့ပေါ်မလာ...။ မေမေက မောင်နဲ့ပတ်သတ်ပြီး ဖွင်မပြောမိတဲ့အတွက် ထယ်ယောင်းကိုအားနာသည်တဲ့...။ မဟုတ်တာလေ...။ မေမေတို့သာ ထယ်ယောင်းအပေါ်မကောင်းခဲ့ရင် ဒီအခြေအနေထိ မောင်မရှိပဲ ထယ်ယောင်းတစ်ယောက်ထဲ ရပ်တည်နိုင်မည်မထင်...။ မောင့်မိဘတွေက ထယ်ယောင်းအပေါ် မိဘအရင်းတွေထက်တောင် ကောင်းပေးခဲ့ပါသည်...။ သမီးလေးရပြီးသည့်တိုင် သားအပေါ်အချစ်မလျော့ခဲ့...။ နှစ်ယောက်လုံးကို ညီတူညီမျှချစ်ပေးတာကြောင့် ထယ်ယောင်းက ပိုလို့ပင်ကျေးဇူးတင်မိပါသည်...။

*knock~~knock*

တံခါးကိုနှစ်ချက်ဆင့်ခေါက်ပြီးသည့်အထိ အထဲက အသံထွက်မလာတာကြောင့် အခန်းထဲကို စိတ်လောကာဝင်မိပြီးမှ မှားမှန်းသိရသည်...။

"ဟို !!"

ရေချိုးခန်းထဲက အခုမှထွက်လာတာကြောင့် ခါးထက်တွင် တာဝါစတစ်ခုသာသိုင်းပတ်ထားတဲ့ မောင့်ရဲ့ပုံစံအနေအထားက ထယ်ယောင်းကို မျက်နှာပူစေတဲ့အထိ...။ ဒီလိုအနေအထားမျိုးတွေနဲ့ ဝေးကွာခဲ့ရတာကြာပြီမို့ ရှက်စိတ်နဲ့အတူ ရင်မဆိုင်ရဲတဲ့သတ္တိတွေက ရင်ထဲပိုပြီးအုံ့ကြွလို့လာတော့သည်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora