နောက်ဆုံးတော့လည်း ကျောခိုင်းခဲ့ရသူက သူပဲဖြစ်လျှက်...။ သူ့ကိုငေးကျန်ခဲ့တဲ့မျက်ဝန်းတွေကို ထပ်ပြီးရင်မဆိုင်ရဲဘူး...။ ကြာရင်သူဘာလုပ်မိမလဲ သူ့စိတ်ကိုပင်သူ မခန့်မှန်းနိုင်တဲ့အထိ...။

"ပါပါး~~ သားသားလဲ လိုက်မယ် !"

သားက သူ့ပါပါးနောက် လုံးနေအောင်ပြေးလိုက်သွားတာကြောင့် ထယ်ယောင်းလှမ်းတားဖို့ မမှီလိုက်တော့...။ ဒီကလေးဟာ သူ့ပါပါးကိုသိပ်ချစ်ရှာတာ...။ အဲ့ဒီဦးနှောက်သေးသေးလေးက သူ့ပါပါးနဲ့ပတ်သတ်တဲ့အရာမှန်သမျှဆို တန်းသိနေတာမျိုး...။

"ပါ့ပါး ~~သိုသို ! အဟင့်~~ဟင့် "

လက်သီးဆုပ်ကလေးနှစ်ဖက်ကို ကျစ်နေအောင်ဆုပ်ကာ နှုတ်ခမ်းလေးကိုဆူထုတ်ထားရင်း သမီးကအော်ငိုတော့သည်...။ ထယ်ယောင်းပွေ့ချီတာတောင် အချီမခံဘဲ လက်ထဲကော့ပြန်လန်အောင် သမီးကဂျီတိုက်ပြန်သည်...။ ဂါဝန်အဖြူလေးခမျာ အရောင်ပင်မထွက်တော့...။ ဘယ်လောက်ထိ မောင်နှမနှစ်ယောက်ပေါင်းပြီး ဗြောင်းဆန်အောင် ဆော့ကြလဲတော့မသိ...။

"သမီး~~ ဖေဖေလေ !"

"မီးမီး~~မီးမီးကိုထော်ဝူး"

လက်ညှိုးလေးထိုးပြီး ထယ်ယောင်းကိုတိုင်နေတာ...။ မောင်က သားကိုပွေ့ချီသွားတာကိုကြည့်ပြီး သူ့ကိုမခေါ်ပဲ ထားခဲ့လို့ထင်သည်...။ မောင်က ထယ်ယောင်းတို့သားအဖနဲ့ ပတ်သတ်တဲ့အတိတ်ကို မမှတ်မိတာတောင်မှ သားအပေါ်တော့ နွေးထွေးနေဆဲပါ...။ သမီးလေးကိုလည်း မောင်ကချစ်မှာပါ...။ သူ့သွေးသားမှန်းသာသိရင် မောင်ကပိုလို့တောင်ချစ်ဦးမှာ...။

"ဟင့် ~~ချစ်တော့ဝူး
သိုသို့ကိုလဲ ချစ်တော့ဝူး
ပါ့ပါးလဲ ချစ်ဝူး ~~မီးမီးကိုထော်ဝူး"

ထယ်ယောင်းပခုံးပေါ်မေးလေးတင်ပြီး တတွတ်တွတ်နဲ့ကို ဂျစ်တိုက်တော့တာ...။ အဲ့ဒီလူလည်ပန်ကာမလေးက တအားဆိုးတာ...။ သူ့ကိုပစ်ထားမိရင် ရောက်ရာအရပ်ကနေကို အော်ငိုတာ...။ ဒါတောင်ထယ်ယောင်းက သိပ်အလိုမလိုက်လို့...။

"ဖေဖေ့ကိုရော မချစ်ဘူးပေါ့လေသမီးက
မချစ်တော့ရင် ထားခဲ့လိုက်မှာဗျာ"

~~STRING~~ (Completed)Where stories live. Discover now