မောင်သတိပြန်ရတဲ့အချိန်အနားမှာ ထယ်ယောင်းရှိပေးချင်ခဲ့တာပါ...။ တစ်ဖက်မှာလည်း အမျိုးမျိုးသောအခြေအနေတွေကြောင့် ထယ်ယောင်းဘယ်လိုမှမတတ်နိုင်ခဲ့ဘူး...။ ကလေးတွေကို အထိန်းတွေနဲ့ ထားခဲ့လို့ရနိုင်ပေမယ့် ကုမ္ပဏီက လက်လွှတ်လို့မရတဲ့အခြေအနေမို့ မတတ်သာလွန်းလို့သာ...။

"ခင်ဗျား ငိုနေတာလားဟင် !
ကျွန်တော်~~ဟို~~ကျွန်တော် "

အနားကိုတိုးကပ်လာတဲ့သူကြောင့် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိတော့ မောင်က ထိုနေရာလေးမှာပဲရပ်တန့်နေကာ ထယ်ယောင်းမျက်နှာကို စူးစိုက်ကာငေးကြည့်နေပြန်သည်...။ အရင်အခြေအ‌နေသာဆို အဲ့ဒီရင်ခွင်ထဲပြေးဝင်ပြီး ပင်ပန်းခဲ့ရသမျှကို ဖွင့်ဟပြီးငိုရှိုက်မိမှာ အသေအချာပေါ့...။ ခရီးပန်းလာတဲ့သူကို စိတ်အနှောင့်အယှက် မပေးချင်တော့ပါဘူး...။ ပြီးတော့ ဒီအခြေအနေက ထယ်ယောင်းတို့ကြားထဲ တစ်ကနေပြန်စရမယ့် အခြေအနေမှာရောက်နေတာ...။

"တောင်းပန်ပါတယ် ~~မင်းကို ဟို~~ဂျွန့်ကို စိတ်အနှောင့်အယှက်ပေးမိပြီထင်တယ်"

ဂျွန်~~တဲ့။ တိုးဖွဖွလေးထွက်လာတဲ့ အသံဆိုပေမယ့် ရင်ထဲနွေးရပြန်သည်...။ ဒီလူနဲ့တွေ့ဆုံရတဲ့ တစ်ခုသောညနေခင်းဟာ ဂျောင်ကုရဲ့ အချိန်အကြာကြီးအေးစက်နေတဲ့ နှလုံးသားတွေကို နွေးထွေးစေခဲ့တာတော့အမှန်ပဲ...။ မေလရဲ့ ကံကောင်းခြင်းတွေထဲက တစ်ခုပေါ့လေ...။ ပန်းတွေပွင့်တဲ့ရာသီမှာ နှလုံးသားကိုနွေးထွေးစေတဲ့သူနဲ့ တွေ့ဆုံရတာ သူ့အတွက်တော့ ဒါဟာကံကောင်းခြင်းပါပဲ...။

ထိုသူကလှတာထက်ပိုပြီး ခမ်းနားတယ်လို့သုံးနှုန်းရမလား...။ ပန်းကလေးတွေထက်တောင် နူးညံ့သိမ်မွေ့လွန်းနေသေးသည်...။ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုမှာတောင် လောဘတက်ပြီး ပိုင်ဆိုင်ချင်မိတဲ့အထိလေ...။ အတိတ်မှာရော သူတို့ပတ်သတ်မှုက ဒီ့ထပ်ပိုခဲ့လေမလားလို့တွေးမိပြီးမှ တစ်ဖက်သူကို အားနာမိရသည်...။ သူမဟုတ်တာတွေ တွေးမိသွားခဲ့တာပဲ...။ အားနာလိုက်တာ ဖြူစင်တဲ့သူကိုမှလေ...။

"ကျွန်တော် အိမ်ထဲအရင်ဝင်နှင့်တော့မယ်... အပြင်မှာရပ်နေတာကြာတော့ ခေါင်းနည်းနည်းကိုက်လာလို့"

~~STRING~~ (Completed)Where stories live. Discover now