"ကျွန်တော်ပြောတာ အရင်ဆုံးသေချာနားထောင်ပါဦး"

ရင်ခွင်ထဲမြုပ်နေတဲ့ကိုယ်လေးကို တိုးဖက်မိတော့ အစ်ကနဲအသံလေးထွက်လာသည်...။ ဘာကြောင့်မှန်းမသိ သူနဲ့ကိုယ့်ကြားသူစိမ်းဆန်မနေပဲ ပိုပြီးရင်းနှီးနေသလိုခံစားနေရတာ...။ သူနဲ့ပတ်သတ်ရင် ရဲတင်းနေမိတဲ့ ကိုယ့်စိတ်ကိုလည်းအံ့သြမိသည်...။

"အရင်ဆုံးကိုယ့်ကိုလွှတ်ပေးပါဦး"

"မလွှတ်ပေးပါဘူး... ကျွန်တော်လွှတ်ပေးလိုက်ရင် ခင်ဗျားက ကျွန်တော့်ဆီကနေ ထွက်ပြေးသွားမှာ... ကျွန်တော်ပြောတာကို ဆုံးအောင်နားထောင်ပြီးမှ ဒီအခန်းထဲကထွက် !"

"ဟင့်အင်း~~ဂျွန်ကအနိုင်ကျင့်တာ
ကိုယ့်ကို~~ကိုယ့်ကိုဒီလို "

ဂျောင်ကုရင်ဘတ်ပေါ် ခပ်ဖွဖွလေးထုရိုက်လာတဲ့ လက်သီးဆုပ်လေးကို ဖမ်းဆုပ်လိုက်ရင်း~~

"ဒီမယ်~~ကလေးအဖေလေး ကျွန်တော်ပြောတာဆုံးအောင်နားထောင်ပါဦး... မေမေကပြောတယ် ကျွန်တော်နဲ့ခင်ဗျားရဲ့ပတ်သတ်မှုက အကြင်လင်မယားတွေတဲ့လေ... အဲ့ဒါအမှန်ပဲလား"

ဂျောင်ကုစကားဆုံးတဲ့နောက်မှာ ကိုယ့်မျက်နှာကိုငေးမော့လာတဲ့ လခြမ်းကွေးသဏ္ဍာန် မျက်ဝန်းကြည်တောက်တောက်လေးတွေနဲ့ အကြည့်ချင်းဆုံမိကြသည်...။ လှတယ်... သေတ္တာထဲ ထည့်သိမ်းချင်စရာကောင်းတဲ့အထိကို လှတာ...။

"ဂျွန်က မယုံဘူးလား"

"ကျွန်တော်မယုံတာမဟုတ်ပါဘူး"

"ဒါဆို လက်မခံတာပေါ့ "

"အဲ့လိုလဲမဟုတ်ပါဘူး ကျွန်တော်က !"

စကားကိုမဆက်သေးပဲ သူ့မျက်နှာလေးကိုငေးကြည့်တော့ မျက်ဝန်းလှလှလေးထက် မျက်ရည်ကြည်တွေဝဲနေတာကို တွေ့လိုက်ရတယ်...။ နှုတ်ခမ်းလေးကို လျှာဖြင့်တစ်ချက်သပ်ရင်း မျက်တောင်တွေကိုပါ ပုတ်ခတ်နေတဲ့သူကြောင့် ဖက်ထားတာကိုအသာလေး လွှတ်ပေးလိုက်ရသည်...။ မဟုတ်ရင် တစ်ခုခုလုပ်မိတော့မှာမို့...။ သူက ဂျောင်ကုထင်ထားတာထက် ပိုနူးညံ့ပြီး ပိုပြီးထိလွယ်ရှလွယ်လွန်းသည်...။

"ကျွန်တော်လက်ခံသလို ယုံလဲယုံပါတယ်... ခင်ဗျားဆီကနေ အဖြေကိုလိုချင်လို့ မေးကြည့်တာပါ... ဘာဖြစ်လို့လဲဆို ကျွန်တော့်စိတ်ကခံစားမိနေလို့... ပြီးတော့ ကျွန်တော်တို့ပတ်သတ်မှုက ဒီ့ထပ်ပိုခဲ့မယ်ဆိုတာကိုလဲ ကျွန်တော်ခံစားလို့ရနေတယ်"

~~STRING~~ (Completed)Место, где живут истории. Откройте их для себя