"ဂျွန့်အခန်းဘေးက သမီးနဲ့သားအခန်းနော်"
ကျောခိုင်းကာထွက်သွားတဲ့သူကို လှမ်းပြီးသတိပေးရသေးသည်...။ အဲ့ဒီသူပုန်နှစ်ယောက်က အရမ်းအိပ်ရေးဆော့တာ...။ အဲ့ဒါကြောင့် အခန်းခွဲသိပ်ထားရတာ...။
ကလေးနှစ်ယောက်ကိုနေရာချပေးပြီး ပြန်သိပ်ပြီးတဲ့အထိ ကလေးအဖေလေးက အပေါ်ကိုတက်မလာ...။ သူဘယ်ချိန်မှအိပ်မှာလဲ...။ တစ်နေကုန် လေယာဉ်စီးလာရတာကြောင့်ပင်ပန်းကာ ဂျောင်ကုအိပ်ချင်လာသည်...။ သူ့ကိုစောင့်မနေတော့ဘူး ကလေးမှမဟုတ်တာ...။ ဒါမှမဟုတ် ဂျောင်ကုနဲ့အတူအိပ်ရမှာကို ကြောက်နေခဲ့တာလား...။
ညနေကပွေ့ဖက်မှုလေးကိုတောင် ပိုက်ကွန်မှာမိတဲ့ ယုန်လေးတစ်ကောင်လို ကြောက်လန့်နေခဲ့တာ...။ ကိုယ်ကလဲကိုယ်ပါပဲ... အတင်းအနိုင်ကျင့်သလို ဖြစ်သွားတာ...။ သူနဲ့ပတ်သတ်ပြီး ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တာလည်းပါတယ်...။ မတွေးတော့ဘူး~~ တွေးရင်ပိုပြီးစိတ်ရှုပ်တယ်...။
မှေးကနဲသူအိပ်ပျော်သွားပေမယ့် သတိရကာဘေးဘက်ကနေရာကို ငေးကြည့်မိတော့ ကလေးအဖေလေးကမရှိ...။ မဟုတ်မှ အဲ့နေရာတင် အလုပ်လုပ်ရင်းအိပ်သွားတာလား...။ ကုတင်ပေါ်ကထကာ အောက်ထပ်ဆင်းရှာဖို့ပြင်လိုက်ပေမယ့် ခြေရင်းကဆိုဖာထက်မှာ ကွေးကွေးလေးအိပ်နေတဲ့သူကိုမြင်တော့ သနားစိတ်လေးတွေက ဝင်ရပြန်သည်...။
အနားတိုးကပ်သွားကာ ဒူးထောက်ထိုင်ချလိုက်ရင်း မျက်နှာလေးကိုအနီးကပ် သူငေးကြည့်နေမိသည်...။ မျက်တောင်တိုစိပ်စိပ်ကလေးတွေ အနားသပ်ထားပုံက သပ်ရပ်လွန်းလှသည်...။ မျက်ခုံးတန်းနှစ်ဖက်ဟာဖြောင့်စင်းပြီး ပါးပြင်ကသွေးကြောစိမ်းလေးတွေကအစ ထိုးဖောက်မြင်နေရတဲ့အထိ...။ နှုတ်ခမ်းပါးစိုရဲရဲလေးဆီ အကြည့်ရောက်မိတဲ့အခိုက် သူ့အာခေါင်တွေခြောက်လာသလိုပင်...။ နွေညဟာပိုပြီး အသက်ဝင်လာသလားပင် အောက်မေ့ရတဲ့အထိ...။
အဲ့ဒီနှင်းဆီဖူးငုံကလေးဟာ တစ်ချိန်ကသူပိုင်ဆိုင်ခဲ့တဲ့ အငုံကလေးပေါ့လေ...။ ထိုနူးညံ့မှုလေးဆီ တိုးကပ်ကြည့်ရင်း သုံးဆောင်ဖို့ပြင်လိုက်ပေမယ့် လူးလွန့်လာတဲ့ခန္တာတစ်စုံကြောင့် သူ့အသိစိတ်တွေပြန်ဝင်လာကာ အိပ်ယာပေါ်ပြန်လှဲရင်း သက်ပြင်းမောတို့ကိုသာ ကြာရှည်စွာချမိတော့သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 43
Start from the beginning
