ခန္တာကရောဂါနှိပ်စက်တဲ့အခါ မျက်နှာမှာလာပေါ်တယ်တဲ့...။ သိပ်မှန်တဲ့စကား...။ မှန်ရှေ့ပေါ်နေသည့် ကိုယ့်ပုံရိပ်ဟာ အားရချင်စရာ တစ်စက်ကလေးမှမရှိ...။ မောင်သင်္ကာမကင်းဖြစ်ချင်လည်း ဖြစ်လောက်ပါရဲ့...။ ထယ်ယောင်းရဲ့ပုံစံက အားနည်းပြီးဖျော့တော့နေတာ ဟန်ဆောင်ဖုံးဖိလို့မှမရတာ...။

"အွတ် !"

သံပုရာဆပ်ပြာရည်နံ့ဟာ နှာခေါင်းထဲတိုးဝင်လာတာနှင့်တပြိုင်နက်ထဲ ခေါင်းတွေမူးဝေလာကာ အဆက်မပြတ်ထိုးအန်ရတော့သည်...။ မနက်ခင်းပိုင်းတွေ မအီမသာဖြစ်တတ်တာ ထယ်ယောင်းဆီကို ကလေးလေးရောက်လာပြီးထဲကဖြစ်သည်...။

"သက်သာရဲ့လား !"

ကျောပြင်ပေါ် ခပ်ဖွဖွထိတွေ့ပွတ်သပ်ပေးလာတဲ့ လက်ဖဝါးပြင်ရဲ့နွေးထွေးမှုသည် နှလုံးသားရှိရာဆီသို့ ကူးစက်သွားပုံရသည်...။ နွေးထွေးမှုတွေကိုတပ်မက်တဲ့ ထယ်ယောင်းအဖို့ အပြုအမူသေးသေးလေးကအစ နှလုံးသားကိုလှုပ်ခတ်နိုင်စွမ်းရှိပါရဲ့လေ...။

"လေတွေကြီး အန်နေတာပဲ
နေမကောင်းဘူးလား~~မှန်းစမ်း !"

ခန္တာကိုယ်အနှံ့လှည့်လည်ကာ စစ်ဆေးနေသောသူ...။ နဖူးပြင်ပေါ်ကျရောက်လာသည့် နွေးထွေးတဲလက်ဖဝါးတစ်ဖက်ကို အသာလေးဖယ်ချလိုက်သည်...။

"ကိုယ်နေကောင်းပါတယ်
သားအိပ်နေတုန်းလား"

နေကောင်းတဲ့သူရဲ့ပုံစံက ဖျော့တော့နေလိုက်တာ...။ တစ်စက်ကလေးမှ အားရစရာမရှိ...။ တစ်ချက်ကလေး လှုပ်ခါလိုက်တာနဲ့ ပြိုလဲတော့မလိုဖြစ်နေတာကို ဒီပုံစံနဲ့ဂျောင်ကုကို လာလိမ်နေသေးသည်....။

"သားကအိပ်နေတုန်း... ငယ် သန့်စင်ခန်းထဲ အပြေးဝင်လာတာတွေ့လို့ မောင်လိုက်လာခဲ့တာ... တစ်ခုခုဖြစ်နေတယ်မလား... မောင့်ကိုရင်ဖွင့်လို့မရဘူးလားဟင်... ဒီလိုကြီး ကြိတ်ခံစားနေမယ့်အစား မောင့်ကိုပြောလိုက်ရင် ခံစားနေရတာတွေ တစ်ဝက်သက်သာတာပေါ့"

ပခုံးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ ညင်ညင်သာသာလေးပြုမူလာတဲ့ မောင့်ရဲ့မျက်နှာကို အကြာကြီးစိုက်ကြည့်နေလိုက်မိသည်...။ မောင်က နားလည်ရခက်တဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ...။ အရင်ကတော့ နားလည်အောင်ကြိုးစားကြည့်ခဲ့ဖူးတယ်...။ စိတ်ရှည်မှု၊ သည်းခံမှုတွေအပြည့်နဲ့ပေါ့...။ အဲ့ဒီတုန်းက သူကိုယ့်အပေါ် နားမလည်နိုင်သေးလို့ဆိုတဲ့အသိနဲ့ ဘာနေနေအကုန် နားလည်လက်ခံပြီး အလျော့ပေးခဲ့ရတယ်...။

~~STRING~~ (Completed)Kde žijí příběhy. Začni objevovat