မသိတော့ဘူး~~ သူပြန်လိုချင်တာတစ်ခုပဲ~~။ အရင်က သူပိုင်ဆိုင်ခဲ့တဲ့ ထယ်ယောင်းရဲ့ပုံစံ...။ သူမက်မောခဲ့တဲ့ ဖြူစင်မှုလေးတွေ...။ အဲ့ဒါတွေက ပြန်မရနိုင်တော့ဘူးလား...။ သူကြိုးစားကြည့်သင့်လား~~။ သေချာတာတစ်ခုတော့ရှိတယ်...။ သူ့အပေါ်ထားတဲ့ ကိုယ့်အချစ်တွေက အခုထိမလျော့သေးတာ...။ ရင်ခုန်သံတွေလတ်ဆတ်နေတုန်းပဲ...။ ချစ်ရင်အလျော့ပေးရတယ်တဲ့လေ...။ အင်း~~ အားလုံးအဆင်ပြေဖို့အတွက် ဂျောင်ကုဘက်ကပဲ လျော့ပေးလိုက်ပါ့မယ်လေ...။
သက်ပြင်းချသံကိုကြားလိုက်တာကြောင့် တစ်ဖက်လူအိပ်မပျော်သေးမှန်း ထယ်ယောင်းသိလိုက်သည်...။ ထယ်ယောင်းသည်လည်း အိပ်မပျော်နိုင်...။ အထူးသဖြင့် ဗိုက်ထဲကနေ တဆစ်ဆစ်ထိုးအောင့်နေတဲ့ ဝေဒနာကြောင့်ဆို ပိုမှန်မည်...။ ခါးတွေလည်းနာနေသည်...။
သူ~~သူအတင်းလုပ်လိုက်လို့ ကလေးတစ်ခုခုဖြစ်ရင်
သူ့ကိုလုံးဝခွင့်မလွှတ်ဘူး...။ မနက်ကျရင်တော့ ပြနေကျဆရာဝန်နဲ့ သေချာပြရမည်...။ ကလေးတစ်ခုခုမဖြစ်ပဲ အဆင်ပြေရင်တော့ ထယ်ယောင်းမှာသူနဲ့ရတဲ့ သူ့ရင်သွေးလေးရှိနေကြောင်း သူ့ကိုဖွင့်ပြောဖို့စဉ်းစားထားသည်...။ သားကိုအချစ်မလျော့တာမြင်ရတော့ ရင်ထဲဝမ်းသာပီတိဖြစ်ရတာမှလေ....။
ထယ်ယောင်းအတ္တမကြီးချင်သလို အငြိုးလည်းမထားချင်ပါဘူး...။ ကိုယ့်မှာတတ်နိုင်တာဆိုလို့ဘာမှမရှိပဲ...။ ပြီးတော့အားနည်းနေသည့် ထယ်ယောင်းက အမှီခိုကိုရှာချင်နေမိတာ...။ အထူးသဖြင့် သူ့ဆီကနေဂရုစိုက်မှု၊ကြင်နာမှုတွေကိုပေါ့...။ ဗိုက်ထဲက ကလေးလေးကလည်း သူ့ဖခင်ရဲ့ဂရုစိုက်မှုကို လိုအပ်ရှာမှာပဲ...။
မေတ္တာတရားတွေမရှိတဲ့ အေးစက်တဲ့ဆက်ဆံရေးတွေ ထယ်ယောင်းမလိုလားပါဘူး...။ ကိုယ်တိုင်ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့မိသားစုလေးမို့ ကိုယ့်အတ္တတစ်ခုကြောင့်နဲ့ အပျက်ဆီးမခံနိုင်ပါ...။ မောင့်ကိုခွင့်မလွှတ်ချင်သေးပေမယ့် ခွင့်လွှတ်နိုင်ဖို့ ထယ်ယောင်းကြိုးစားမယ်...။ မောင်ဟာ ထယ်ယောင်းဘဝရဲ့ အရေးပါအရာရောက်ဆုံး ထယ်ယောင်းကလေးတွေရဲ့ ဖခင်ဖြစ်နေလို့~~။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 39
Start from the beginning
