"ဒါဆို ကိုယ်ဆိုဖာပေါ်မှာပဲအိပ်လိုက်တော့မယ်
ဆေးကုန်ရင် ကိုယ့်ကိုနှိုးနော် !"

"စိတ်ချလက်ချအိပ်ပါ သားကိုကျုပ်ပဲဂရုစိုက်လိုက်မယ်... ဆေးကုန်ရင်ပြန်ချိတ်တာ ခက်ခဲတဲ့ကိစ္စလဲမဟုတ်ဘူး"

"မင်း မလုပ်တတ်မှာစိုးလို့ပါ"

သူစိမ်းဆန်လိုက်တာ~~။ ကားပေါ်မှာတုန်းကတစ်မျိုး...။ အခုကျနှစ်ယောက်ကြား အနေဝေးသွားသလိုခံစားချက်ကြီးက...။ သူ့ပုံစံကိုကြည့်ပြီး အားကိုမရတာ...။ တစ်ခုခုကိုလျှို့ဝျက်နေသလိုမျိုး စိတ်ထဲမတင်မကျနဲ့...။ အရင်လိုသွက်သွက်လက်လက်မရှိပဲ လေးပင်ပြီး အားနည်းနေတာကိုက မင်္သကာစရာ...။

"ခင်ဗျားနေကောင်းရဲ့လား !"

"အင်း !"

ဆိုဖာရှိရာဆီ ခေါင်းထောင်ကြည့်မိတော့
သူကခွေခွေကလေး လှဲအိပ်လို့နေသည်...။

"ဘာအင်းတာလဲ ကောင်းတာလားမကောင်းတာလား"

"ကိုယ်နေကောင်းပါတယ် "

တိုးဖွဖွလေးထွက်လာသည်ကိုက
စိတ်ထဲမချင့်မရဲနိုင်လှစွာ...။

"တစ်ခုခုဖြစ်နေသလိုခံစားနေရလို့... အရင်ပုံစံနဲ့မတူပဲ ဘာဖြစ်နေတာလဲ... ကျုပ်က ခင်ဗျားယောကျ်ားပါ... ပွင့်ပွင့်လင်းလင်း !"

"ကိုယ်ပင်ပန်းနေပြီ အိပ်ချင်နေပြီ"

ဂျောင်ကုရဲ့စကားမဆုံးခင်မှာပဲ ဖြတ်ပြောလာတဲ့သူကြောင့် ဆက်ပြီးမမေးဖြစ်တော့...။ အင်းပေါ့လေ~~ သူပင်ပန်းနေလို့ဖြစ်မှာပါ...။ ဒီရက်ပိုင်း တစ်ယောက်တည်းခက်ခဲခဲ့မှာပေါ့...။ ကလေးတစ်ဖက်နဲ့ စိတ်သောကတွေရောက်ခဲ့ရမှာပေါ့...။ ဒါကို ဂျောင်ကုကမသိပဲ အနိုင်ကျင့်မိသေးတယ်...။

တစ်ခုပဲ~~။ သူ့ဆီကနေအရင်လို နွေးထွေးမှုရဲ့အရသာတွေ ပျောက်ဆုံးနေတာ...။ ဂျောင်ကုအပေါ်မှာထားတဲ့ သူ့ရဲ့မေတ္တာတွေ၊ စိတ်ရှည်မှု၊ သည်းခံမှုတွေ အရင်လိုမဟုတ်တော့ဘူး...။ သူတို့နှစ်ယောက်ကြားမှာ လစ်ဟာသွားတဲ့ခံစားချက်ကြီးကလေ ဂျောင်ကုဘက်က သူ့အပေါ်လျော့ပေးလိုက်သင့်လား...။ အရင်လို အခြေအနေပြန်ဖြစ်ဖို့အတွက်လေ...။

~~STRING~~ (Completed)Where stories live. Discover now