ပြီးတော့~~ ကားပေါ်ကဆက်နွယ်မှုကြောင့် လက်ခံထားရတဲ့အရာတွေကို ထယ်ယောင်းသန့်ရှင်းရေးမလုပ်ရသေးဘူး...။ ဟုတ်တယ်~~ ရေချိုးလိုက်ရင်တော့ အဆင်ပြေသွားမှာပါ...။ သူလည်းရှိနေတော့ သားအတွက်မပူတော့ပါဘူး...။

ထယ်ယောင်းရေချိုးပြီးလို့ပြန်ထွက်လာချိန် ကုတင်ပေါ်က ထွက်လာတဲ့အသံလေးကြောင့် ငေးကြည့်မိတော့~~

"ပါပါးရှိတယ်လေ !"

"ပါး ~~ဟင့် !"

သားကယောင်ကာ ဂျောင်ကုကို တ,နေခြင်းပင်...။ လက်ကလေးတစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေတာကြောင့် အသာလေးထိန်းကိုင်ရင်း နဖူးလေးကိုငုံ့နမ်းကာ အသာပြန်ချော့သိပ်လိုက်သည်...။

"ကျွတ်~~ကျွတ် !"

"ဟင့် !!"

"ပါပါးရှိတယ် အိပ်အိပ် !"

ခေါင်းလုံးလုံးလေးကို ပွတ်သပ်ချော့မြှူတဲ့အခါမှ အသက်ရှူသံသေးသေးလေးထွက်လာကာ ပြန်ပြီးငြိမ်ကျလို့သွားလေသည်...။

ဒီမြင်ကွင်းလေးကိုကြည့်ပြီး ထယ်ယောင်းရင်ထဲမကောင်း..။ မျက်ရည်တွေစို့တက်လာတာကြောင့် မျက်တောင်ဖျားတို့ဖြင့် ပုတ်ခတ်ကာသိမ်းဆည်းလိုက်သည်...။

"မင်းအိမ်ပြန်တော့လေ
ကိုယ်အဆင်ပြေပါတယ် သားက~~"

"ရှူး~~ကလေးအိပ်နေတယ်
ရန်မဖြစ်ချင်ဘူး ~~ဒီညဒီမှာအိပ်မှာ"

ပြောရင်းဆိုရင်းသားရဲ့ တစ်ယောက်အိပ်ကုတင်သေးသေးလေးပေါ် ဘေးတစ်စောင်းဝင်လှဲလိုက်တဲ့သူကြောင့် ထယ်ယောင်းမှာ ထပ်ပြီးနှင်ထုတ်ဖို့ ခက်ခဲသွားရပြန်သည်...။

"ဟို~~မနက်ကုမ္ပဏီသွားရဦးမှာမလား... ဒီမှာဆို အဝတ်လဲရလဲခက်တယ်... သားကကိုယ်ရှိရင် !"

"မပြန်ဘူးဆိုမပြန်ဘူးကွာ... ခင်ဗျားနဲ့လာအိပ်တာမဟုတ်ဘူး... သားကိုလာပြီးဂရုစိုက်ပေးတာ... မနက်လဲ ကုမ္ပဏီကိုမသွားဘူး... သားနေမကောင်းမချင်း အနားကမခွာဘူး"

ကလေးကိုအတင်းဆွဲဖက်ထားပြန်တာကြောင့် နိုးသွားမှာလည်းစိုးရသည်...။ ကလေးငိုရင် သူချော့တတ်တာလည်းမဟုတ်...။ ပစ်ထားတုန်းကတော့ သူပဲပစ်ထားပြီး...။ သားလို့တောင် မခေါ်နိုင်တဲ့အထိရက်စက်ခဲ့ပြီးမှ အခုသူမဟုတ်တဲ့အတိုင်း...။

~~STRING~~ (Completed)Where stories live. Discover now