သူနာပြုမလေးက ဂျောင်ကုရှိရာဆီ တစ်ချက်ငဲ့ကြည့်ရင်းမှ ပြန်ထွက်သွားလေသည်...။ အင်းလေ သူလည်းသိချင်သိမှာပေါ့~~ ဒီလိုတွေရှိမှန်း...။ ကုတင်ပေါ် ပက်လက်ကားယားလေး အိပ်ပျော်နေသည့်သားအနားလျှောက်သွားကာ ဘေးတစောင်းထိုင်ရင်းမှ ဂျောင်ကုတော်တော်လေး စိတ်မကောင်းဖြစ်ရသည်...။

"တော်တော်ချောင်ကျသွားတာပဲ... ဆန်လုံးလေးကနေ ဆန်ပြားလေးဖြစ်နေပြီ... ပါးဆုပ်ကြီးတွေလဲ ချောင်ကျသွားလိုက်တာ... ပါပါးသားငယ်လေးမှ လာဖြစ်ရတယ်လို့"

လက်တုတ်တုတ် ဖောင်းဖောင်းလေးတစ်ဖက်ပေါ် စိုက်ဝင်နေသည့်အပ်ကိုကြည့်ရင်း ဂျောင်ကုမျက်ရည်တွေ ဝဲတက်လို့လာသည်...။ သားကို သူ့သားအရင်းလေးလိုချစ်ခဲ့တာပါ...။ အကြောင်းမှန်တွေသိသွားလည်း သားကိုချစ်တဲ့သူ့အချစ်က တစ်စက်ကလေးမှမလျော့ခဲ့ပါဘူး...။

သားဟာ သိပ်သနားစရာကောင်းတဲ့ကလေးလေး...။ အချစ်တွေရဖို့ထိုက်တန်တဲ့ကလေးမို့ သူ့ဘက်ကနေ အများကြီးဂရုစိုက်ပြီးချစ်ပေးဖို့ ဆုံးဖြတ်ထားပြီးသား...။ ဂျောင်ကုကိုသိပ်ခင်တွယ်ရှာတဲ့ကလေး အခုမတွေ့ရတော့ ဘယ်လောက်လွမ်းနေလိမ့်မလဲ...။ နဖူးပေါ်ဝဲကျနေသည့် ဆံစလေးတွေကို သပ်တင်ပေးတော့ မျက်နှာလေးတစ်ချက်ရှုံ့မဲ့ရင်းမှ ပြန်ငြိမ်ကျသွားလေသည်...။

"သားကိုခဏကြည့်ထား~~အွတ် !"

စကားကိုဆုံးအောင်မပြောနိုင်တော့ပဲ ပျို့အန်ချင်စိတ်က ထိန်းမရအောင်ရှိလှတာကြောင့် သန့်စင်ခန်းရှိရာသို့ပြေးရတော့သည်...။ air fresher နံ့ကြောင့် ပျို့တက်ရသည့်အထဲ ဆေးရုံနံ့တွေကြောင့် ပိုပြီးမူးဝေကာ အခြေအနေဆိုးသွားရခြင်းပင်...။ သီးသန့်အခန်းကို ငှားထားတာကြောင့် ရေချိုးခန်းနဲ့သန့်စင်ခန်းကိုပါ တွဲပေးထားတော့ အဝေးကြီးမသွားရတာပဲ ကျေးဇူးတင်ရမလို...။

အစာတွေအကုန်အန်ထွက်ပြီးတဲ့အထိ ရင်ထဲမရှင်းသေး...။ တစ်ချက်တစ်ချက် ဗိုက်ထဲကနေထိုးအောင့်တက်လာတာကြောင့် နှုတ်ခမ်းတို့အားကိုက်ထားရင်း စိတ်ကိုငြိမ်အောင်လုပ်ရသည်...။ ငြီးစိစိကြီးဖြစ်နေတဲ့ သူ့ခန္တာကိုယ်ကြောင့် ရေချိုးလိုက်ရင်တော့လန်းသွားမယ်လို့ ထယ်ယောင်းထင်သည်...။

~~STRING~~ (Completed)Where stories live. Discover now