တွန့်ကြေနေသည့်အင်္ကျီတွေကို ပြန်ပြင်ဝတ်ရင်း ကားရှေ့ခန်းသို့ပြောင်းထိုင်ကာ ရှေ့ကြည့်မှန်ကနေတစ်ဆင့် သူ့ကိုခိုးကြည့်မိတော့ ကားမှန်ကိုမှီရင်း ခွေခွေလေးလှဲနေရှာသည်...။

"ရှေ့မှာလာထိုင်လေ !"

"ဟင့်အင်း~~ခေါင်းနည်းနည်းမူးနေလို့
aircorn လေးပိတ်ပေးလို့ရမလား"

air fresher နံ့က နှာခေါင်းဝဆီတိုးဝင်လာတိုင်း ပျို့အန်ချင်စိတ်တွေကထိန်းမရ...။ သူအနားမှာရှိနေတဲ့အချိန် အနံ့တွေသိပ်မရပေမယ့် သူမရှိမှပိုဆိုးလာသလို...။ ထူးတော့ထူးဆန်းသည်...။ တစ်မနက်လုံးပျို့အန်ချင်စိတ်ကို ထိန်းချုပ်နေရသည့် ထယ်ယောင်းက သူအနားရောက်လာတာနဲ့ ချက်ချင်းရောဂါတွေသက်သာသွားတဲ့အထိ...။ လက်ရှိအခြေနေကို မေ့နိုင်တဲ့အထိလေ...။ ကြည့်ရတာ အထဲက ကလေးလေးက သူ့ဖခင်ကိုအခုထဲက လိုအပ်နေရှာပြီထင်ပါရဲ့လေ...။

~~~~~~STRING~~~~~~

ဆေးရုံဝင်းထဲကားကိုပါကင်ထိုးရပ်ရင်း တစ်ဖက်မှာ မှိန်းနေတဲ့သူကိုလှုပ်နှိုးတော့ မျက်ခုံးတန်းလေးတွေကိုစုကျုံ့လိုက်ရင်းမှ ကားပေါ်ကနေအသာလေးဆင်းလေသည်...။

"လမ်းလျှောက်နိုင်လား !"

"အင်း !!"

သီးသန့်ခန်းတွေရှိရာဆီသို့ ယိုင်နဲ့နဲ့ခြေလှမ်းတွေဖြင့် ခပ်သုတ်သုတ်လေး‌လျှောက်နေတဲ့ သူ့အနောက်နားကနေ ကပ်လိုက်သွားရင်းစိတ်ထဲမှာလည်း အပြစ်ရှိသလိုခံစားချက်တို့ကြောင့် ဂျောင်ကုမှာ အနေရခက်သည့်စိတ်တို့က လွှမ်းမိုးလျှက်...။

သားသာကိုယ့်မျက်နှာကိုမြင်ရင် ကိုယ့်ကိုမုန်းသွားမလားလည်း စိုးရိမ်မိသည်...။ နုနယ်သည့်စိတ်လေးကို အရောင်တွေမစွန်းစေချင်ပါ...။

"တော်ပါသေးရဲ့ ကလေးကခုနလေးကတင် အငိုတိတ်သွားတာ... အခုတော့မောပြီးအိပ်နေပြီ"

"ရောဂါအခြေနေရော ဘယ်လိုလဲဆရာမ !"

"သက်သာလာပါပြီ... စရောက်ကာစလောက်တော့ မဆိုး‌တော့ပါဘူး"

"ကျေးဇူးပါခင်ဗျာ !"

"ခွင့်ပြုပါဦးနော် "

~~STRING~~ (Completed)Where stories live. Discover now