"ဘာလုပ်တာလဲ !"

"ဘာလုပ်ရမှာလဲ... လက်ထပ်လက်စွပ်ကိုချွတ်ပြီး လူပျိုလေးလုပ်ချင်နေတဲ့သူကို ပြန်ချုပ်ထားတာ... အဲ့လက်စွပ်ကို နောက်ထပ်ထပ်ချွတ်ရဲရင်ချွတ်ကြည့်... ကျုပ်အကြောင်းသိစေရမယ် မှတ် !"

လက်သန်းကြွယ်ထက်မှာ ပြန်ပြီးနေရာယူသွားသည့် လက်စွပ်ကလေးကိုငေးကြည့်ရင်း ထယ်ယောင်းဘာဆက်ပြောရမှန်းမသိတော့...။ မလိုချင်လို့ အတင်းနှင်ချခဲ့တုန်းကလည်း သူပဲ...။ ထွက်သွားမယ်လုပ်တော့ လူကိုအတင်းလိုက်ပြီး ဒုက္ခပေးတယ်...။

"ကိုယ့်ကိုလွှတ်ပေး သားဆီသွားရမယ်
သားကိုပစ်ထားတာ အခုငိုရင်ငိုနေမှာ "

သူနဲ့ပြိုင်ပြီးစကားပြောဖို့ထက် သားကိုသာစိတ်မှာထဲရှိသည်...။ သူ့စကားတွေက ကိုယ့်ကိုစော်ကားဖို့သပ်သပ်ချည်း...။ ပြောတဲ့သူက တစ်ဖက်သူရဲ့ခံစားချက်ကိုမသိပေမယ့် နားထောင်လိုက်ရတဲ့သူက ဘယ်လောက်ထိရင်နာရသလဲဆိုတာ သူဒါတွေကိုခံစားဖူးတာမှမဟုတ်တာ...။ ထယ်ယောင်းမှာသူ့ကို ပြောလည်းမပြောရက်ပါဘူး...။ မသိနားမလည်လို့ပြောတယ်လို့ပဲ အမြဲဖြေသိမ့်ပေးခဲ့တာချည်းပဲ...။ သူကကိုယ့်ထက်အငယ်...။ ဒါကြောင့် ဘာနေနေအမြဲအလျော့ပေးခဲ့တာ...။ ဒါကိုသိရက်နဲ့ တမင်အနိုင်ယူပြီးစော်ကားတာ...။

"ကလေးကို ဘယ်သူနဲ့ပစ်ထားခဲ့တာလဲ... ခင်ဗျားမှာ လုပ်စရာအလုပ် အဲ့လောက်ရှားသလား... သားကိုပစ်မထားဖို့ အတန်တန်ပြောနေရက်နဲ့ သူစိမ်းလက်ထဲထည့်ခဲ့တဲ့အထိ ခင်ဗျားကိစ္စတွေ ကျစ် !"

ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာလှုပ်ရမ်းနေသူကြောင့် ထယ်ယောင်းခေါင်းတွေမူးဝေလာရသည်...။ ဘယ်သူ့ကြောင့်လဲ ဒီလိုတွေဖြစ်နေတာ ထယ်ယောင်းတစ်ယောက်တည်းရဲ့ အပြစ်တွေချည်းပဲလား...။ သူကျတော့~~ သူကျတော့~~

"သားကအခုဆေးရုံမှာ... မင်းဆီကပြန်လာတဲ့နေ့ ချက်ချင်းပဲဆေးရုံတင်လိုက်ရတာ"

"ဘာလို့အခုမှပြောတာလဲ... စောစောစီးစီးပြောရင် အခုလောက်ဆိုသားဆီရောက်နေပြီ"

"မင်းပဲကိုယ့်ကိုအတင်း !"

စကားသံတွေထပ်ထွက်မလာတော့ပဲ တစ်ဖက်သို့ကျောခိုင်းကာ အသံတိတ်သွားတဲ့သူကြောင့် ဂျောင်ကုလည်းထပ်ပြီး စကားနာမထိုးတော့...။

~~STRING~~ (Completed)Where stories live. Discover now