"ကျေနပ်သွားပြီ !"

ကိုယ့်စကားဆုံးတာနဲ့ ပေါင်ပေါ်ခွထိုင်ထားရက်ကနေ ချက်ချင်းဖယ်ခွာကာ ကားပေါ်ပျံ့ကြဲနေသည့် အဝတ်တွေကို လိုက်ကောက်နေပြန်သည်...။ အင်္ကျီကို သေသပ်စွာပြန်ဝတ်နေသည့်သူကို လက်ပိုက်ကာငေးကြည့်နေရင်း စိတ်ထဲမှာလည်း မတင်မကျ...။ အားနည်းနေပေမယ့် သူ့မှာရှိတဲ့ မာနကတော့မလျော့...။

အမှန်ဆို ဂျောင်ကုကဒါတွေကို အကုန်လိုက်လုပ်ပေးရမှာမလား...။ သူက ကိုယ့်ရင်ခွင်ထဲနေပြီး ကိုယ်ပြုစုတာကိုခံသင့်တာလေ...။ အခုကိုယ့်ဆီကနေရုန်းထွက်ပြီး ဘယ်ကိုထပ်ပြီး ထွက်ပြေးချင်နေရပြန်တာလဲ...။

"ဒါကဘယ်လဲ !"

တံခါးကို ဆွဲဖွင့်ဖို့လုပ်နေသည့်သူ့လက်တွေကို လှမ်းဆွဲတဲ့အခိုက် ပုတ်ထုတ်ခံလိုက်ရတာကြောင့် ဂျောင်ကုမှာ အံ့သြပြီးရင်းအံ့သြမိတဲ့အထိ...။ အတင်းထွက်ဖို့ကြိုးစားနေတဲ့သူကြောင့် လက်ကိုဆောင့်ဆွဲကာ မျက်နှာချင်းဆိုင်စေရင်း~~

"မေးနေတယ် ဖြေလေ !"

"မင်းဆန္ဒတွေကို ကိုယ်ဖြည့်ဆည်းပေးပြီးပြီပဲ
ကိုယ့်ကိုလွှတ်ပေးလိုက်လို့မရဘူးလား "

"အဲ့ဒါနဲ့ဘာဆိုင်လဲ... ကိုယ့်ယောကျ်ားကို ဖြည့်ဆည်းပေးတာ သူစိမ်းကိုဖြည့်ဆည်းနေသလို စကားတွေလာမပြောနဲ့... ကွာရှင်းစာချုပ်မှာ ရော့~~အင့်ဆိုပြီးတစ်ဖက်သတ် ကိုယ့်ဘက်ကနေလက်မှတ်ထိုးပြီးတိုင်းပြီးသွားပြီထင်မနေနဲ့... ကျုပ်ဘက်က ပြီးမှပြီးတာ~~ ဘယ်သူကကွာပေးမယ်ပြောလို့ လုပ်ချင်သလိုလုပ် ထင်ရာစိုင်းနေတာလဲ"

ထင်ရာစိုင်းတယ်~~။ လုပ်ချင်သလိုလုပ်တယ်...?? ဒီစကားက ထယ်ယောင်းဘက်ကသာပြောသင့်တာ...။ ပစ်ထားပြီးထွက်သွားခဲ့တာဘယ်သူလဲ...။ ကိုယ့်ဘက်ကနေ အရှက်မရှိတွယ်ကပ်ပြီး လာတွေ့ခဲ့တာတောင် ကလေးမျက်နှာကိုတောင်မထောက် သူလုပ်ရက်ခဲ့တာတွေကရော...။ အခုမှ သူမဟုတ်သလို ထယ်ယောင်းကိုအပြစ်ပုံချနေတာ...။

လက်ကိုဆောင့်ဆွဲယူလိုက်တာကြောင့် သူ့ပေါင်ပေါ်  ထယ်ယောင်းပြန်ရောက်သွားရပြန်သည်...။ အတင်းရင်ခွင်ထဲ ဖက်ချုပ်ထားတာကြောင့် လှုပ်လို့ပင်မရ~~။

~~STRING~~ (Completed)Where stories live. Discover now