"ကျေနပ်ပြီလား !"

ခန္တာကိုယ်အတွင်းဖြတ်စီးသွားသည့် နွေးထွေးသည့် ခံစားမှုတစ်ခုကြောင့် အနမ်းတွေကိုရပ်တန့်ရင်း သူ့ကိုမျက်လုံးတို့အားလှန်ကာ မော်ကြည့်မိတော့~~

"အွန့် !"

နွမ်းဖျော့နေသည့် မျက်နှာလေးသည် ကားမီးရောင်အောက်မှာတောင်မှ လှရက်နိုင်လွန်းသည်...။ အသည်းယားလှတာကြောင့် ပါးနှစ်ဖက်အားအုပ်ကိုင်ကာ အနမ်းတို့ကိုထပ်ဆက်မိတော့ လက်ကလေးတွေက ဂျောင်ကုရင်ဘတ်ကို တွန်းကန်ကာသတိပေးလာကြပြန်သည်...။ ဂျောင်ကုရဲ့ပိုင်ဆိုင်မှုလေးဟာ အရုပ်ကလေးတစ်ရုပ်လို ကိုယ့်လက်ထဲမှာ ကိုယ်ပြုသမျှ သိမ်မွေ့ညံ့သက်လို့နေပြန်သည်...။

"ကျေနပ်သွားပြီ !"

ကိုယ့်စကားဆုံးတာနဲ့ ပေါင်ပေါ်ခွထိုင်ထားရက်ကနေ ချက်ချင်းဖယ်ခွာကာ ကားပေါ်ပျံ့ကြဲနေသည့် အဝတ်တွေကို လိုက်ကောက်နေပြန်သည်...။ အင်္ကျီကို သေသပ်စွာပြန်ဝတ်နေသည့်သူကို လက်ပိုက်ကာငေးကြည့်နေရင်း စိတ်ထဲမှာလည်း မတင်မကျ...။ အားနည်းနေပေမယ့် သူ့မှာရှိတဲ့ မာနကတော့မလျော့...။

အမှန်ဆို ဂျောင်ကုကဒါတွေကို အကုန်လိုက်လုပ်ပေးရမှာမလား...။ သူက ကိုယ့်ရင်ခွင်ထဲနေပြီး ကိုယ်ပြုစုတာကိုခံသင့်တာလေ...။ အခုကိုယ့်ဆီကနေရုန်းထွက်ပြီး ဘယ်ကိုထပ်ပြီး ထွက်ပြေးချင်နေရပြန်တာလဲ...။

"ဒါကဘယ်လဲ !"

တံခါးကို ဆွဲဖွင့်ဖို့လုပ်နေသည့်သူ့လက်တွေကို လှမ်းဆွဲတဲ့အခိုက် ပုတ်ထုတ်ခံလိုက်ရတာကြောင့် ဂျောင်ကုမှာ အံ့သြပြီးရင်းအံ့သြမိတဲ့အထိ...။ အတင်းထွက်ဖို့ကြိုးစားနေတဲ့သူကြောင့် လက်ကိုဆောင့်ဆွဲကာ မျက်နှာချင်းဆိုင်စေရင်း~~

"မေးနေတယ် ဖြေလေ !"

"မင်းဆန္ဒတွေကို ကိုယ်ဖြည့်ဆည်းပေးပြီးပြီပဲ
ကိုယ့်ကိုလွှတ်ပေးလိုက်လို့မရဘူးလား "

"အဲ့ဒါနဲ့ဘာဆိုင်လဲ... ကိုယ့်ယောက်ျားကို ဖြည့်ဆည်းပေးတာ သူစိမ်းကိုဖြည့်ဆည်းနေသလို စကားတွေလာမပြောနဲ့... ကွာရှင်းစာချုပ်မှာ ရော့~~အင့်ဆိုပြီးတစ်ဖက်သတ် ကိုယ့်ဘက်ကနေလက်မှတ်ထိုးပြီးတိုင်းပြီးသွားပြီထင်မနေနဲ့... ကျုပ်ဘက်က ပြီးမှပြီးတာ~~ ဘယ်သူကကွာပေးမယ်ပြောလို့ လုပ်ချင်သလိုလုပ် ထင်ရာစိုင်းနေတာလဲ"

~~STRING~~ (Completed)Where stories live. Discover now