Chapter - 58.1

Začít od začátku
                                    

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒီလိုပဲဖြစ်ရမယ်!"

ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက်သုံးစွဲသူအများစုက ကိုယ့်ကိုယ်ကိုလှည့်စားတဲ့နေရာမှာ အတော်ဆုံးဖြစ်တယ်။ တခြားသူတွေရဲ့အိုင်ဒေါတွေ datingလုပ်ခဲ့တယ်ဆိုရင် မင်းတို့သတိလေးကပ် အိုင်ဒေါကလည်းလူပဲလေ သူတို့လည်းတစ်နေ့ လက်ထပ်ကြရမှာပဲလို့ ပြောကြမှာဖြစ်ပေမဲ့ သူတို့ကိုယ်တိုင်ရဲ့အိုင်ဒေါတွေ datingလုပ်ခဲ့တယ်ဆိုရင်တော့ အဲ့တာကအတင်းအဖျင်းတွေဖြစ်ပြီးတော့ ယုံစရာအကြောင်းမရှိဘူး။

ဘယ်လိုပဲပြောပြော ဖုကျင်းရှောင်းရဲ့အတန်းကတော့ စတင်နေပြီဖြစ်တယ်။

တခြားသူတွေရဲ့အလုပ်တွေကတော့ အရမ်းချောမွေ့မနေလေဘူး။ အထူးသဖြင့် မီးဖိုချောင်မှာ ထင်းခုတ်မီးမွှေးရတဲ့ထူရာနဲ့ ဘေးနားကဟင်းချက်ဖို့တာဝန်ကျတဲ့ ရှန်ရှင်းချန်အပါအဝင် သူတို့နှစ်ယောက်လုံးက ဟင်းမချက်တတ်ကြဘူး။ ရှန်ရှင်းချန်ကအဆိုးဆုံးဖြစ်ပြီး ကြက်သွန်မြိတ်နဲ့ဂျူးမြိတ်ကိုတောင် မခွဲခြားတတ်လေဘူး။

အန်းရန်နဲ့ရှန်ရှင်းဆွေ့တို့က သန့်ရှင်းရေးလုပ်နေကြတာဖြစ်တယ်။ နှစ်ယောက်သားမီးဖိုချောင်မှာ သန့်ရှင်းရေးပစ္စည်းတွေလာယူတဲ့အချိန်မှာ မီးဖိုချောင်ထဲမှာမငြိမ်မသက်ဖြစ်နေတာကိုတွေ့လိုက်ရပြီး တကယ်ပဲလူကိုမျက်စိပွင့်နားပွင့်ဖြစ်သွားစေခဲ့တယ်။

ထူရာကမီးမွှေးနေတာဖြစ်ပေမဲ့ မီးဖိုထဲကမီးကဘယ်လိုမှတောက်မလာလေဘူး။

အန်းရန်ကတစ်လျှောက်လုံးနတ်သားလေးဖြစ်တာကြောင့် ကြင်နာတဲ့စရိုက်ရှိလေတယ် "ထူရာလောင်ရှီးစိတ်မပူပါနဲ့ ဖြည်းဖြည်းလုပ်ရင်အဆင်ပြေသွားမှာပါ ဒီမီးကလည်းအရမ်းကောင်းတာမျိုးမဟုတ်ပါဘူး လောင်ရှီးကလည်းပထမဦးဆုံးလုပ်တာဆိုတော့ သေချာပေါက်အသားကျမှာမဟုတ်ဘူး ကိစ္စမရှိတာမလို့စိတ်မပူပါနဲ့"

ထူရာအားတင်းကာပြုံးပြလိုက်ပြီး "ကျေးဇူးပါရန်ရန်"

အမှန်တကယ်တော့ ထူရာကနိုင်ငံကွာခြားမှုကြောင့်ဖြစ်တယ်။ သူမရဲ့တရုတ်စကားက ကျွမ်းကျင်နေပြီဖြစ်ပေမဲ့ ပြဿနာက သူမတစ်ခါမှတရုတ်မြေစေးမီးဖိုးကိုမသုံးဖူးတာပဲ!

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီKde žijí příběhy. Začni objevovat