ပြောပြချင်ပေမယ့်~~သတ္တိမရှိဘူး...။ ထယ်ယောင်းကြောက်တယ်...။ အထူးသဖြင့် မောင့်ဆီကတုန့်ပြန်မှုကို အကြောက်ဆုံးပဲ...။ သားကိုတောင် မောင်အခုလိုလုပ်ရက်နေရင် ဒီကလေးလေးကိုလည်း မောင်ဒီလိုမလုပ်နိုင်ဖူးဆိုတာ ထယ်ယောင်းမတွေးချင်တော့ဘူး...။ ထယ်ယောင်းပင်ပန်းနေပြီ...။ အထူးသဖြင့်စိတ်တွေတော်တော်လေးကိုမှ စွန်းထင်းနေပြီ...။ ချောက်ကမ်းပါးစွန်းမှာရပ်နေရတဲ့ သေခါနီးလူတစ်ယောက်လို အားလုံးနဲ့အဝေးဆုံးကိုလည်း ထွက်သွားချင်တယ်...။ ချစ်တဲ့သူတွေနဲ့လည်း ခွဲရမှာကြောက်နေမိတယ်...။ တကယ်တော့ ထယ်ယောင်းကိုယ်တိုင်ကိုက အတ္တကြီးမိတာပါ...။
"ပါး~~ဟင့် !
ဖေ့~~ပါး ~~ပါးကိုထော်ပေး"
တွေ့လား~~အိပ်ယာကနိုးတာနဲ့ သူ့ပါပါးကိုပဲ တ,နေတော့တာ...။ လွမ်းဖျားဖျားနေတာပဲထင်ပါရဲ့...။ မနက်ဖြန်တော့ ဆေးစစ်ချက်ကိုသိရမှာပါ...။ ကြီးကြီးမားမားမဖြစ်ဖို့ ဆုတောင်းရုံကလွဲ ထယ်ယောင်းလည်းမတတ်နိုင်တော့ဘူး...။ အားလုံးက ထယ်ယောင်းရဲ့အမှားတွေကြီးပဲ...။ သားကိုပစ်ထားမိခဲ့လို့ ကလေးက ဒီလိုမဖြစ်သင့်ပဲဖြစ်ခဲ့ရတာ...။
ဒီရက်ပိုင်းမှာ ထယ်ယောင်းကိုယ်တိုင်ကိုက ပြိုလဲနေခဲ့ရတဲ့သူမို့ပါ...။ ပထမဦးဆုံးအကြိမ် ကိုယ်ဝန်ဆောင်ခါစမို့ ပြင်းထန်တဲ့ဝေဒနာတွေကို လှိမ့်နေအောင်ခံစားနေရတာ...။ ယောကျ်ားတစ်ယောက်အတွက် မရင်းနှီးတဲ့လက္ခဏာတွေကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့အထိပါပဲ...။
ဒီလိုအချိန်တွေဆို အနားမှာ မောင့်ကိုရှိစေချင်လိုက်တာ...။ မောင့်မေမေသာ ဒီကိစ္စသိရင် ဘယ်လောက်ဝမ်းသာနေလိမ့်မလဲ မသိပေမယ့် ဒီအခြေနေကြီးမှာ ထယ်ယောင်းဖွင့်ပြောဖို့ မဖြစ်နိုင်သေးဘူး...။ ထယ်ယောင်းရဲ့အပူတွေကို တစ်ပါးသူကိုမကူးစက်စေချင်ဘူး...။ အထူးသဖြင့် မောင့်မိဘတွေငြိုငြင်သွားမှာကိုအကြောက်ဆုံး...။
မေမေတို့အိမ်ကိုတော့ ထပ်ပြီးခြေမချတော့ဘူးလို့ အစထဲကဆုံးဖြတ်ထားပြီးသား...။ ထယ်ယောင်းဘက်ကနေ တတ်နိုင်သလောက်အထိ ကျေးဇူးဆပ်ခဲ့ပြီးပါပြီ...။ ဒါကိုမှတာဝန်မကျေသေးဘူးလို့ သတ်မှတ်ရင်လည်း ထယ်ယောင်းရဲ့ဝဋ်ကြွေးလို့ပဲ သတ်မှတ်လိုက်တော့မယ်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 37
Start from the beginning
