ထွက်သွားလို့ပြောရလောက်အောင်အထိ ထယ်ယောင်းရဲ့အမှားတွေက သိပ်ကိုလက်မခံချင်စရာ ကောင်းခဲ့တာလား...။ တောင်းပန်နေတာတောင်မှ ခွင့်လွှတ်မှုသေးသေးလေးနဲ့တောင် ထယ်ယောင်းက
မထိုက်တန်ခဲ့ဘူးလား...။ ထယ်ယောင်း ဘယ်လောက်ထိပေးဆပ်မှ ဘယ်လောက်ထိ အရှက်မရှိတွယ်ကပ်နေမှ မောင်နဲ့အရင်လိုအခြေအနေ ပြန်ရောက်မှာလဲ...။

တင်းလွန်းတဲ့အခါ ပြတ်တတ်တယ်တဲ့...။ ထယ်ယောင်းကိုယ်တိုင် မောင်နဲ့အတူ တည်ဆောက်ထားတဲ့ ဒီမိသားစုဘဝလေးကို ဘယ်လိုနည်းနဲ့မှ အပျက်အဆီးမခံနိုင်ပါဘူး...။ နောက်ဆုံးအကြိမ်ထိ တွယ်ကပ်နေဦးမှာပဲ...။ နောက်ဆုံးအကြိမ်ထိဖမ်းဆုပ်ထားဦးမှာပဲ...။

ဒီနေ့နဲ့ဆို မောင်အိမ်ကိုပြန်မလာတာ တစ်ပတ်ကျော်ရှိနေပြီ...။ နေနိုင်လိုက်တာလို့တော့ မပြောချင်တော့ပါဘူး...။ မောင်က ထယ်ယောင်းထင်ထားတာထက် ပိုပြီးရက်စက်တတ်မှန်း ထယ်ယောင်းသိပြီးသား...။ တစ်ခုပဲ... မောင်အဆင်ပြေပါ့မလားဆိုတဲ့ ခံစားချက်... တစ်ခုခုဖြစ်မှာစိုးတဲ့ စိုးရိမ်စိတ်တို့က ထယ်ယောင်းကို ပိုပြီးအဆင်မပြေဖြစ်စေတာ...။ မောင်အိမ်ကနေ ထွက်သွားပြီးတဲ့အချိန်ကစလို့ ထယ်ယောင်းပြိုလဲနေခဲ့ရတာ နေ့နေ့ညညပါပဲ...။ ဒီစိတ်နဲ့ပဲတစ်နေကုန်စိတ်နဲ့လူနဲ့ မကပ်တဲ့အထိ မောင့်အတွက်တွေးပူနေရတာနဲ့တင် သားကိုပါပစ်ထားမိခဲ့တဲ့အထိ...။

အခု သားက နေမကောင်းဘူးမောင်...။ အရင်တစ်ခေါက်တွေကလို ရိုးရိုးဖျားတာမဟုတ်ပဲ ဒီတစ်ခေါက် အခြေအနေက ရောဂါလက္ခဏာမပေါ်ဘူး ဖြစ်နေတယ်...။ သားကတော်တော်လေးကို ချောင်ကျသွားတာ...။ နောက်ပြီးသူ့ ပါပါးကိုပဲ တစ်ချိန်လုံးတောင့်တနေရှာတယ်...။ မောင့်သားက ထယ်ယောင်းထက် မောင့်ကိုပိုပြီး ခင်တွယ်နေတာကို မောင်မသိတာလဲမဟုတ်ပါပဲ...။ တကယ်ပဲ သားကိုမချစ်နိုင်တော့တာလား ထယ်ယောင်း သိချင်မိတယ်...။ မောင်အရမ်းအသည်းယားတတ်တဲ့ ပါးဖောင်းဖောင်းလေးတွေလည်း ချောင်ကျသွားလိုက်တာမှလေ...။

တော်တော်လေးကိုမှ အားနည်းနေတဲ့ကလေးပါ...။ သားနေမကောင်းတဲ့အကြောင်းကို မောင့်ကိုအသိပေးဖို့ဖုန်းခေါ်တိုင်း မောင်မှမကိုင်ပဲ...။ ပြီးတော့ မောင့်ကိုပြောပြစရာတွေမှ ရင်နဲ့မဆံ့အောင်ပဲ...။ ဒီကိစ္စကို မောင်သာသိရင် ထယ်ယောင်းကိုပိုပြီး စိတ်ဆိုးသွားမှာကိုလည်း ကြောက်နေမိတယ်...။ နာကျင်မှုကိုခံစားနေရတဲ့သူက ထပ်ပြီးဒဏ်ရာတွေဆင့်ကဲလာမှာကို အကြောက်ဆုံးပါပဲ...။

~~STRING~~ (Completed)Tahanan ng mga kuwento. Tumuklas ngayon