"သားငိုရင် သူ့အဖွားနဲ့အဖိုးချော့လိမ့်မယ်
ကိုယ်ငိုနေရင် ကိုယ်စိတ်ဆိုးနေရင်သာ~~အင့် !"

စကားသံထပ်မထွက်လာတော့ပဲ ရှိုက်သံတွေကသာ အခန်းထဲကြီးစိုးလို့လာသည်...။ ကျောခိုင်းထားရာကနေ မျက်နှာချင်းဆိုင်လိုက်တော့ ဖြူအုအုမျက်နှာလေးထက် မျက်ရည်စီးကြောင်းတို့က တလှိမ့်ချင်းကျဆင်းနေတာများ...။

"ဘာဖြစ်လို့ငိုပြန်တာလဲ
ခင်ဗျားကလေးလားပြော !"

"ဂျွန်က ကိုယ့်စကားမှနားမထောင်ပဲ
ကိုယ်ကမသွားနဲ့လို့ပြောနေတာကို~~"

မျက်ရည်တွေကို လက်မနဲ့ခပ်ဖွဖွလေးဆွဲသုတ်ပေးတော့ ငြိမ်ခံရှာသည်...။ စကားတွေတတွတ်တွတ်ပြောနေတဲ့ နှုတ်ခမ်းလေးကိုကြည့်ရင်းမှ အသည်းတွေယားလာရသည်...။ စိတ်ရှိတဲ့အတိုင်းလုပ်မိရင်လည်း ငိုရတာကသူပဲဖြစ်လျှက်။

"ဘာလို့မသွားစေချင်တာလဲ... ဂျွန်စိတ်မထိန်းနိုင်လို့ တစ်ခုခုလုပ်မိရင် ဘယ့်နှယ့်လုပ်မလဲ~~ဟင် !"

မျက်လွှာချထားရာကနေ မျက်တောင်တိုစိတ်စိတ်လေးတွေ တဖျတ်ဖျတ်ခတ်လို့လာသည်...။ ပြီးလျှင် ဂျောင်မျက်နှာကို တစ်ချက်စိုက်ကြည့်ရင်းမှ အကြည့်လွှဲကာ....

"ဟင့်အင်း~~ကိုယ်
ကိုယ်မသိဘူး !"

"အဲ့ဒါဆို ဂျွန့်ကိုချစ်လား~~ပြော"

ဒီမေးခွန်းက ဘာမှကိုမဆိုင်တာ...။

"ဟင့်အင်း !"

"ဟင့်အင်း~~ဟင့်အင်းနဲ့ ဘာကိုဟင့်အင်းတာလဲ... တစ်ခုတော့ဖြေ~~ လူကိုဆွဲတုန်းကတော့ ဆွဲထားပြီး"

သြ~~ဂျွန်ရယ် လူလည်ကျပါပေ့...။ အနိုင်ယူချင်လွန်းလှချည်ကောနော်...။ မေးခွန်းနှစ်ခုစလုံးက သူ့ဘက်ကသာတာတွေချည်းပဲ...။ သူ့ကျတော့ လူကိုချစ်တဲ့အကြောင်း အခုထက်ထိဝန်မခံသေးပဲ...။

"ဂျွန်~ ဂျွန် အလိုရှိတဲ့အချိန်တိုင်း
ကိုယ်မပေးပဲနေခဲ့ဖူးလို့လား "

နဂိုထဲကမှ တုန်ရီနေတဲ့အသံလေးဟာ ပိုလို့ပင်တိုးဝင်သွားတော့သည်...။ ခေါင်းကိုငုံ့ချထားရင်းမှ အင်္ကျီအောက်အနားစလေးတွေကို လက်နဲ့ဆွဲချေနေတာကြောင့် ဆွဲယူကာလက်တစ်ဖက်ကို ချုပ်ကိုင်ထားလိုက်တော့ ဂျောင်ကုမျက်နှာကို မော်ကြည့်လာတဲ့ မျက်နှာနုနုလေးထက်မှာ ပန်းနုရောင်လှိုင်းက ဖြတ်ပြေးတော့သည်...။ ရှက်တတ်လိုက်တာလည်း လွန်ရော...။

~~STRING~~ (Completed)Where stories live. Discover now