"ဂျွန်~~!"

အနားကပ်ပြန်တော့လည်း သားကိုအကြောင်းပြပြီး အကပ်မခံဘူး...။ ထွက်သွားမယ်လုပ်ပြန်တော့ တဂျွန်ထဲဂျွန်နေတာ...။ အခုလည်းကြည့် အနောက်ကနေ ခါးကိုသိုင်းဖက်လာပြန်တဲ့ လက်တစ်စုံကြောင့် သူ့ကိုပဲစိတ်ကဆိုးရမလို ပြန်ပြီးပဲချော့ရမလိုလို...။

"ကျစ်~~ခင်ဗျားဘာဖြစ်နေလဲ !"

ခင်ဗျားတဲ့~~။ ထယ်ယောင်း ဒီအခေါ်အဝေါ်ကြီးကို တစ်စက်ကလေးမှ မကြိုက်နေဘူး...။ အရင်ကတော့သူနဲ့ကိုယ်ဟာ အိမ်ထောင်ရေးဆိုတဲ့လောင်းရိပ်အောက်ကို တိုးဝင်ကာစမို့ အသေးအဖွဲ့လေးကအစ ထယ်ယောင်းက ပြန်မပြောပဲငြိမ်ခဲ့မိတာ...။ အခုသူပဲလူကိုတစ်မျိုးပြီးတစ်မျိုး ခေါ်ဝေါ်သုံးနှုန်းပြီး စိတ်မကြည်တော့ 'ခင်ဗျား'တဲ့...။

"ဂျွန် ဘယ်သွားမလို့လဲ"

"သားကိုသွားပြန်ခေါ်မလို့ ... ခင်ဗျားက သားမရှိရင် မနေတတ်ဘူးမလား... ကျုပ်ကိုတော့ ဖြစ်ချင်ရာဖြစ် ပစ်ထားလဲရတယ်"

တွေ့လား~~ ဂျွန်က ထယ်ယောင်းကိုစိတ်ဆိုးနေတာ...။ စိတ်ဆိုးတာနဲ့ပဲ 'ကျုပ်'တွေ'ခင်ဗျား'တွေနဲ့ ပြောစရာလိုလို့လား...။ စကားပြောတဲ့လေသံကအစ ရင့်သီးပြီးမာထန်နေသည်...။

"ဖယ်လေ~~သားကိုသွားခေါ်ပေးမလို့"

"ဟင့်အင်း~~သွားမခေါ်နဲ့တော့"

အခုထိ ဂျောင်ကုမှာ အဝတ်အစားပင်မဝတ်နိုင်သေး...။ ခါးတွင်တာဝါတစ်ခုသာရှိသည်...။ ဒါကို ကလေးအဖေလေးက ရိပ်မိပုံလည်းမရ...။ ကျောပြင်ပေါ်ပါးအပ်ကာ စကားပြောနေရင်းမှ အသံလေးတွေပင်တုန်နေသည်...။ များမကြာခင် ငိုတော့မှာကို ဂျောင်ကုရိပ်မိလိုက်သည်...။

"ခင်ဗျားပဲ ခုနကသားကိုခေါ်မလို့ဆို"

"မခေါ်နဲ့တော့ဆို~~ကိုယ့်အနားမှာပဲနေ"

"သားကငိုနေရင်ဘယ့်နှယ့်လုပ်မလဲ... ပြီးရင် ကျူပ်ကိုပဲ အနားကပ်တယ်ဆိုပြီး ခင်ဗျားက အတင်းမောင်းထုတ်ဦးမှာမလား"

ညစ်ကျယ်ကျယ်ပြုံးရင်း ခွန်းတုံ့ပြန်တော့ တုန်ရီရီအသံလေး ထပ်ထွက်မလာတော့ပဲ ရှိုက်သံတစ်ချို့သာ ထွက်လို့လာသည်...။ ပြီးမှ~~

~~STRING~~ (Completed)Where stories live. Discover now