"ဖယ်တော့~~အင်္ကျီတွေရေစိုကုန်ပြီ"

"မဖယ်ပါဘူး~~ ဒီလောက်လေးနဲ့ရပ်ပေးစရာလား... ဂျွန့်ကိုလာစိန်မခေါ်နဲ့လို့ ငယ့်ကိုပြောထားသားပဲ"

ဂျောင်ကုမျက်နှာကို တစ်စက်ကလေးမှမော့မကြည့်...။ ခေါင်းကြီးငုံ့ကာ အရှက်သည်းနေတဲ့ ငယ့်ရဲ့ပုံစံလေးက တကယ့်ကလေးလေးတစ်ယောက်လိုပင်...။ နှာသီးဖျားလေးတွေရဲတက်ကာ နားရွက်လေးတွေပါမကျန် ရဲတက်နေတာဖြစ်သည်...။

"အ~~အခုလဲ လိုချင်တာရနေပြီကို... သားကိုသွားခေါ်မလို့... ကိုယ်ဒီမှာ အင်္ကျီတွေလဲရေစိုကုန်ပြီ"

"လိုချင်တာ ဘယ်မှာရလို့လဲ... အမြဲတမ်း ဂျွန့်ဘက်ကနေပဲ တောင်းဆိုခဲ့ရတာ... သားက မေမေတို့နဲ့ရှိနေတာ စိတ်မချစရာဘာအကြောင်းရှိလဲ... နှစ်ယောက်ထဲရှိနေချိန်မှာတောင် ကိုယ့်ယောကျ်ားအကြောင်းမတွေးပဲ အမြဲတမ်း သား~~သားနဲ့တစ်ချိန်လုံး"

ကလေးနဲ့ပြိုင်ပြီး သဝန်တိုတယ်ပြောလည်း မတတ်နိုင်ဘူး...။ အမြဲတမ်းကိုယ့်ဘက်ကနေ စခဲ့ရတာချည်းပဲ...။ ဘယ်တော့မှကိုယ့်အလိုကို လိုက်တယ်မရှိခဲ့...။အတင်းအကြပ်သိမ်းပိုက်မိရင်လည်း ဂျောင်ကုအလွန်ပဲဖြစ်ဦးမှာ...။ အဲ့လိုမထုံတတ်တေး အပြုအမူတွေကိုသူ့စိတ်နဲ့မရတာ...။ ဒါတောင်မှ ဂျောင်ကုဘက်က သည်းခံနိုင်မှုကို သူ့အတွက်နဲ့အများကြီး လျှော့ပေးထားလို့သာ...။

"ဂျွန် ကိုယ့်ကိုစိတ်ဆိုးသလား~~ဟင် !"

အခြေနေတွေက ခုနကနှင့် လားလားမှမတူတော့ပြီ...။ ပြုံးရွှင်စပြုနေတဲ့ ဂျွန့်မျက်နှာက အခုတော့မှုန်ယိုနေတဲ့ ဆင်လေးတစ်ကောင်လို...။ ထယ်ယောင်းနှင့် မျက်နှာချင်းဆိုင်အနေအထားရှိနေပေမယ့် အကြည့်တွေက တစ်ဖက်နံရံဆီသို့သာ...။ မျက်ခုံးတန်းတွေကို စုကျုံ့ထားပုံကိုကြည့်ရင်း ထယ်ယောင်းမှာ ပြောမိတဲ့ပါးစပ်ကိုပင် ခပ်နာနာလေး ပြန်ရိုက်ပစ်ချင်တဲ့အထိ...။

"ဂျွန်~~ကိုယ့်ကိုစကားပြန်ပြောပါဦး"

လက်ကိုဆွဲကိုင်တော့ ချက်ချင်းဆွဲဖြုတ်ကာ ထယ်ယောင်းကိုကျော်ရင်း တံခါးဘက်ကို သွားနေတဲ့သူကြောင့်.....

~~STRING~~ (Completed)Where stories live. Discover now