ဟက်~~ဒီလိုရှောင်ပြေးလို့ရရိုးတဲ့လား ငယ်ရယ်...။ towel စကို ခါးထက်သိုင်းပတ်လိုက်ရင်း ဂျောင်ကုဆီက ထွက်ပြေးချင်နေတဲ့ ကလေးအဖေလေးအနောက်ကို အပြေးလိုက်ရသည်...။
ဧည့်ခန်းအလယ်မှာ သားကိုမတွေ့တာကြောင့် ခြေလှမ်းတို့က အပေါ်ထပ်အခန်းဆီသို့...။ မေမေတို့အခန်းမှာ သားရှိနေလိမ့်မယ်ဆိုပေမယ့် ထယ်ယောင်းသွားခေါ်လို့ ဘယ်ကောင်းပါ့မလဲ...။
အနောက်ကနေထပ်ကြပ်မကွာလိုက်လာတဲ့ ဂျွန်ကြောင့် ထယ်ယောင်းခြေလှမ်းတွေပင် အယောင်ယောင်အမှားမှား...။ တံခါးလော့ခ်ကိုဖွင့်နေတဲ့ ခဏလေးအတွင်းမှာပဲ ခါးပေါ်သိုင်းဖက်လာတဲ့ အေးစက်တဲ့လက်တစ်စုံရဲ့ အထိအတွေ့ကြောင့် လက်တွေပင်တုန်လာတဲ့အထိ...။
* ချောက် *
"အမေ့ ! ဂျွန်~~အင့် !"
တံခါးပွင့်တာနှင့် တပြိုင်နက်ထဲမှာပဲ ထယ်ယောင်းကိုယ်လေး နံရံသို့ဆွဲကပ်ခံရလိုက်ရတာကြောင့် ကျောကုန်းတွေအောင့်မျက်ကာ အသံပင်ထွက်တဲ့အထိ...။ ဒီထပ့်ပိုဆိုးသည်က ဂျွန့်ရဲ့ အကြည့်တွေက ထယ်ယောင်းရဲ့နှုတ်ခမ်းတွေဆီကနေ တစ်စက်ကလေးမှ မခွာခဲ့တာကိုပဲဖြစ်သည်...။
"ဂျွန် !"
ရုန်းထွက်ဖို့ကြိုးစားတဲ့ အခိုက်အတန့်လေးအတွင်းမှာပင် ထယ်ယောင်းရဲ့နှုတ်ခမ်းတစ်ခုလုံးက ဂျွန့်ရဲ့နူးညံ့ခြင်းမရှိတဲ့ အနမ်းတွေအောက်က မလွတ်မြောက်နိုင်တော့...။ ထယ်ယောင်းနှုတ်မှ စကားသံပင်မထွက်နိုင်တဲ့အထိ ဂျွန်က နှုတ်ခမ်းတွေကိုစုပ်ယူနေတော့ပဲဖြစ်သည်...။ အတင်းရုန်းထွက်ပေမယ့် အချည်းအနှီးသာ...။ ခေါင်းကိုလက်တစ်ဖက်ဖြင့်ဖိကိုင်ကာ နှုတ်ခမ်းတွေကိုအငမ်းမရ ဖိနမ်းနေမှုကြောင့် ထယ်ယောင်းအသက်ရှူရကျပ်လို့လာသည်...။
"အ~အသက်ရှူရကျပ်လာပြီ "
နှုတ်ခမ်းတွေကိုအလွတ်ပေးခဲ့ပေမယ့် ဂျွန့်ရဲ့အနမ်းတွေက ထယ်ယောင်းမျက်နှာပေါ် နေရာမလပ်ဖြန့်ကျက်လို့နေပြန်သည်...။
"ပြွတ်စ် !"
ပါးလေးကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားတာကြောင့် နှုတ်ခမ်းပိစိလေးက ချွန်ထွက်လို့နေသည်...။ အဲ့ဒါကိုပဲ အသည်းတယားယားဖြင့် ထပ်ခါထပ်ခါအနမ်းတွေ ဆင့်ကဲမိတော့ လက်သီးဆုပ်လေးတွေက ကျောပြင်ထက်ခပ်ဖွဖွလေး မထိတထိနေရာယူပြန်သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 34
Start from the beginning
