"ဟင့်အင်း !"

"ဘာလို့လဲ~~စိန်လာမခေါ်နဲ့နော်
ဂျွန်ဂရုမစိုက်တတ်တာ ငယ်သိရက်သားနဲ့"

ချက်ချင်း ဂျွန့်ရဲ့နှုတ်ခမ်းတစ်စုံက ထယ်ယောင်းနှုတ်ခမ်းတွေရှိရာဆီ တိုးကပ်လာတာကြောင့် အတင်းပင်မျက်နှာကို လက်နဲ့တွန်းဖယ်ထားရင်းက....

"ဟိုမှာ~~လူတွေရှိတယ်ဆို "

"ရှိရှိကွာ~~ကိုယ့်ယောကျ်ားကိုယ်နမ်းတာ
ဘယ်သူ့ကိုဂရုစိုက်နေရဦးမှာလဲ"

မျက်လုံးလေးတွေက ဂဏာမငြိမ်ဖြစ်လာတာကိုကြည့်ပြီး အားမလိုအားမရဖြစ်ကာ ခေါင်းကနေထိန်းကိုင်ရင်း ဂျောင်ကုနှုတ်ခမ်းတွေက နှင်းဆီဖူးလေးရှိရာဆီသို့တရွေ့ရွေ့...။ သို့သော်ငြား......

"ဂျွန် အနိုင်မကျင့်နဲ့~~ဖယ် !
လူတွေရှေ့မှာ ကိုယ်မနေတတ်ဘူး"

ခေါင်းကိုအတင်းခါရမ်းနေတာကြောင့် နှုတ်ခမ်းတွေကိုဖမ်းလို့မမိ...။ မျက်နှာလေး မကြည်လင်တော့တာကြောင့် စိတ်ကိုတစ်ထစ်လျော့ချထားလိုက်ရင်း~~

"ဒါဆို ရေထဲဆင်းမလား !
ရေအောက်မှာဆို သူတို့မမြင်တော့ဘူး"

ဂျွန်က တစ်ခုမရရင်တစ်ခု...။ ဘယ်တော့မှလက်လျော့ပြီး ပြန်တတ်တဲ့လူစားမျိုးမဟုတ်...။ အခုလည်း ထယ်ယောင်းကိုယ်လေးကို ခါးကနေထိန်းကိုင်ကာ တဖြည်းဖြည်းရေထဲဆွဲချဖို့ လုပ်နေတာကြောင့်....

"ဟင့်အင်း~~ကိုယ်ရေမကူးတတ်ဘူးလို့ ! အဲ့လိုအတင်းအကျပ်လုပ်နေရင် ဂျွန့်ကို ကိုယ်စိတ်ဆိုးမိလိမ့်မယ်"

သူ့ကိုယ်သူ ငယ်လို့ပင် မသုံးနှုန်းတော့...။ မျက်ခုံးတန်းတွေစုကျုံ့ထားရင်း မျက်နှာလေးကမကြည်လင်...။ အဖြူရောင် shirt လေးမှာလဲ ဂျောင်ကုကြောင့်ရေစိုကာ ခန္တာကိုယ်ပေါ်မှာကပ်ချပ်လျှက် အတွင်းထဲထိပင် ထိုးဖောက်မြင်နေရသည်...။

"ဒီနေရာမှာမသင့်တော်ရင် အခန်းထဲသွားကြတာပေါ့... အခန်းထဲဆို ပိုလို့တောင်လွတ်လပ်ဦးမှာ~~ အဟွန်း !"

ချက်ချင်းကန်ဘောင်ပေါ် လွှားကနဲခုန်တက်လိုက်တဲ့ ဂျွန်ကြောင့် ထယ်ယောင်း ကိုယ့်အန္တရာယ်ကိုယ် ရိပ်မိလာရကာ ရေထဲက‌ချက်ချင်းထလိုက်ရင်း ခြေလှမ်းတို့က အိမ်ကြီးဆီသို့ဦးတည်လျှက်...။

~~STRING~~ (Completed)Where stories live. Discover now