*ဗွမ်း !!*

ရေထဲဒိုင်ပင်ထိုးကျသံကြောင့် ထယ်ယောင်းတစ်ချက်လှည့်ကြည့်တော့ ဂျွန်က တစ်ဖက်ကန်ဘောင်နားသို့ပင် ရောက်လုနီးနီးဖြစ်နေပြီ...။ တစ်ဖက်နှင့်တစ်ဖက် မနားတမ်းကူးခတ်နေသည့် ဂျွန့်ကိုကြည့်ပြီး ထယ်ယောင်းရင်ခုန်သံတွေ မြန်လာသည်...။ ဒီယောကျ်ားဟာ ကိုယ်နဲ့လက်ထပ်ယူထားပြီး အဆုံးစွန်ထိပတ်သတ်ခဲ့ဖူးကြတယ်ဆိုတဲ့ အသိနဲ့တင် ရင်တုန်တာမရပ်...။

ကိုယ့်အပေါ်ဦးဆောင်ရတဲ့ ယောကျ်ားတစ်ယောက်ပေမို့လားမသိ ဂျွန်က ထယ်ယောင်းထက်ပိုပြီး ခန္တာကိုယ်အရွယ်အစား အရပ်အမောင်းကအစ အားကျချင်စရာတို့ ပြည့်နှက်လျှက်...။ တောင့်တင်းတဲ့ရင်အုပ်ကြွက်သားတွေကို ငေးကြည့်မိတိုင်း စိတ်မလုံတာအခါခါရယ်...။

"အမေ့ !!"

မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ ရေစက်တစ်ချို့ကြောင့် ထယ်ယောင်းလန့်ကာ မျက်လုံးတွေကိုဖိပိတ်ထားရင်း အော်မိတော့သည်...။ ခါးပေါ်ထိတွေ့လာတဲ့ အေးစက်တဲ့လက်တစ်စုံရဲ့ သိုင်းဖက်မှုကြောင့် ရင်တွေအဆမတန်ခုန်နေသည်မှာ ရပ်မသွား...။

"ဘာတွေတွေးနေလို့ အဲ့လောက်ထိလန့်ရသလဲ ငယ်ရဲ့... မျက်လုံးဖွင့်ကြည့်ပါဦး~~"

ဖိပိတ်ထားတဲ့ မျက်ဝန်းတွေကို အသာလေးလှန်ကြည့်မိတော့ အမြင်အာရုံထဲပထမဦးဆုံး တိုးဝင်လာသည်က ပါးချိုင့်ရာလေးထင်းနေအောင်ပြုံးနေသည့် အပြုံးပိုင်ရှင် ထယ်ယောင်းရဲ့ တစ်ဦးတည်းသော မောင်~~။

"ဂျွန် !"

မျက်နှာလေးပေါ်ဖြတ်ပြေးသွားသည့် ပန်းနုရောင်လှိုင်းကလေးကို တစ်ချက်ငေးကြည့်ရင်း ဂျောင်ကုပြုံးမိပြန်သည်...။

"အင်း~~ဟုတ်တယ် ဂျွန်လေ
ငယ်ရဲ့ယောကျာ်း~~ငယ့်ရဲ့အိမ်ဦးနတ်"

အိစက်နေသည့်ပါးလေးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ခေါင်းချင်းဆိုင်ထားလိုက်ရင်း~~

"နမ်း~~ ငယ့်ဘက်ကမနမ်းရင် ဂျွန်က
အသက်ရှူရပ်တဲ့အထိ နမ်းပစ်မှာ"

ထယ်ယောင်းပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့ ရေကူးကန်တစ်ဖက်မှာ အလုပ်လုပ်နေတဲ့သူတစ်ချို့...။ အပင်ရေလောင်းသူရှိသလို အဝတ်လှန်းနေတဲ့သူလည်းရှိသည်...။ အားလုံးရဲ့အကြည့်တွေက ထယ်ယောင်းတို့ဆီမှာပဲဖြစ်သည်...။

~~STRING~~ (Completed)Where stories live. Discover now